International Fighter Of The Year ဆုကို ပရိသတ်အချစ်တော်ကြီး အောင်လအန်ဆန်မှ ဆွတ်ခူးရရှိခဲ့

ပရိသတ်ရင်ထဲက အသည်းစွဲအချစ်တော်ကြီး အောင်လအန်ဆန်ဟာ ယနေ့ ဇူလိုင် (၄)ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ (၁၁)ကြိမ်မြောက် အမေရိကန်နိုင်ငံ၊ လက်ဗီးဂတ်မြို့က ကမ္ဘာ့ MMA ဆုပေးပွဲကြီးမှာ International Fighter Of The Year (တစ်နှစ်တာ နိုင်ငံတကာ အကောင်းဆုံးဖိုက်တာ) ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆုပေးပွဲကြီးမှာ ကမ္ဘာ့အကောင်းဆုံး ဆုကြီး(၂)ဆုပါဝင်ခဲ့ပြီး အောင်လအန်ဆန်ဟာ (၂)ဆုလုံးရဲ့ ဆန်ခါတင်စာရင်းမှာ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ Fighter Of The Year ဆုကို UFC ဟဲဗီးဝိတ်တန်း ချန်ပီယံ ဒန်နီယယ်လ်ကော်မီယေက ရရှိခဲ့တာကြောင့် အောင်လအန်ဆန်ဟာ International Fighter Of The Year ဆုကိုသာ ရယူနိုင်ခဲ့ပါတယ်။

အောင်လအန်ဆန် အခုလို International Fighter Of The Year ဆုကြီးကို ရရှိခဲ့ခြင်းဟာ MMA ရှုံးပွဲမရှိ ချန်ပီယံ ရုရှားနိုင်ငံသား ခါဘစ် အပါအဝင် UFC ဖိုက်တာ အူစမန်၊ အာဒေးဆန်ညာနဲ့ Bellator ဖိုက်တာ မူဆာဆီတို့ကို အနိုင်ထိုးသတ်နိုင်ခဲ့ခြင်းကြောင့် အခုလို ဆုကြီးကို ထိုက်တန်စွာ ဆွတ်ခူးနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အောင်လအန်ဆန်ဟာ World MMA Awards မှာ အကောင်းဆုံးဆုတံဆိပ် ချီးမြှင့်ခြင်းခံရတဲ့အပြင် ပထမဦးဆုံး မြန်မာ့ဂုဏ်ဆောင် MMA ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီလို့ သိရပါတယ်။ ဒါဟာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာ့သတ္တိကို ကမ္ဘာက သိအောင် ဝံ့ကြွားနိုင်ခြင်းဖြစ်တဲ့အပြင် မြန်မာတို့အတွက် အထူးတလည် ဂုဏ်ယူစရာဖြစ်သလို အောင်လအန်ဆန်ရဲ့ နာမည်ဟာလည်း ကမ္ဘာ့ MMA စင်မြင့်ထက်မှာ ရင်မော့ခေါင်းကော့ပြီး ထင်ပေါ်ကျော်ကြားလာတော့မှာဘဲ ဖြစ်ပါတယ်။

<iframe class="lazy" src="/images/image-01.png" data-src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FAungLaNsangTheGreat%2Fvideos%2F717163902092248%2F&show_text=1&width=261" width="261" height="1040" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true" allow="encrypted-media" allowFullScreen="true"></iframe>

Source; MMA Myanmar Page

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။