သင်က သင့်ကိုယ်သင်ထင်ထားတာထက် ပိုလှပါတယ်

လူတချို့ဟာ သူတို့ကိုယ်တိုင်ရဲ့ ဆွဲဆောင်မှုကို လျှော့တွက်တတ်ကြပါတယ်။ လူတွေဟာ မိမိဘယ်လောက်ထိ ဆွဲဆောင်မှုရှိတယ်ဆိုတာကို သတိလက်လွတ်ဖြစ်နေမိကြပါတယ်။ လူတွေက သင့်ကို ရွက်ကြမ်းရေကျိုနဲ့ ဆွဲဆောင်မှုမရှိတဲ့ လူတစ်ယောက်အဖြစ် မြင်နေမယ်လို့ သင့်ကိုယ်သင်ထင်နေတတ်ပါတယ်။ အမှန်တော့ သူတို့ က သင့်အလှကိုမြင်ကောင်းမြင်နိုင်ပါတယ်၊ အရေးကြီးဆုံးကတော့ သင်ထင်တာထက် သင်ကပိုဆွဲဆောင်မှုရှိ တယ်ဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။


အဲဒါကြောင့် သင်ဟာ သင့်ကိုယ်သင်ထင်ထားတာထက် ပိုဆွဲဆောင်မှုရှိတယ်၊ ပိုလှတယ်ဆိုတာကို သဘောပေါက်ဖု့ိအတွက် သင်သတိလက်လွတ်ဖြစ်နေတဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။


၁။ သင့်အလှနဲ့ပတ်သက်လို့ သိပ်ချီးကျူးမခံရတတ်ပါဘူး..


ရိုးရိုးသားသားပြောရရင် လူတိုင်းက ကိုယ့်ကိုချီးမွမ်းပြောဆိုတာကို ကြိုက်ကြတာချည်းပါပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က ချီးကျူးလိုက်မှ သင်ပြည့်စုံသွားမှာ မဟုတ်တာကို သတိပြုပါ။ သင့်ကိုလှတယ်လို့ တစ်ယောက်ယောက်က လာမပြောတိုင်း သင်လှမနေတာ မဟုတ်ပါဘူး။ အဓိကက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေဖို့ပဲ လိုပါတယ်။ တချို့က သင်လှနေတာကို မနာလိုတာကြောင့် သင့်အတွက် ချီးကျူးစကား ထုတ်မပြော တာလည်း ဖြစ်နိုင်ပါတယ်။


၂။ အခန်းထဲမှာ ရှိနေတဲ့သူတွေထဲမှာ သင်ကရုပ်အဆိုးဆုံးလို့ မကြာခဏ ခံစားဖူးတယ်..


ကိုယ့်ကိုယ်ကို သံသယဝင်တာ၊ ယုံကြည်မှုမရှိတာဟာ အဆိုးဆုံးအရာပါပဲ။ သင့်ပတ်ဝန်းကျင်မှာ သင့်ထက် ပိုချောတဲ့သူတွေ အမြဲတမ်း ရှိနေတတ်သလို သင့်လောက်မလှတဲ့သူလည်း အမြဲရှိနေနိုင်တာကိုလည်း သတိပြု ပါ။ အဲဒါကြောင့် သင့်ကိုယ်သင် အခန်းထဲမှာ ရုပ်အဆိုးဆုံးလို့ ဘယ်တော့မှမတွေးလိုက်ပါနဲ့။ သင့်မှာလည်း သင့်ရဲ့ကိုယ်ပိုင်အလှနဲ့သင် ရှိနေပါတယ်။


၃။ တစ်စုံတစ်ယောက်က သင့်အလှကိုချီးကျူးပေမဲ့ လောကဝတ်လုပ်ရုံသက်သက်လို့ ခံစားရတယ်..


ကိုယ့်ကိုယ်ကို နှိမ့်ချတာနဲ့ အဆိုးမြင်တာဟာ အတော်လေးကွာခြားတဲ့ အရာနှစ်ခုပါ။ အဲဒါကြောင့် လူတွေက သင့်ကိုချီးကျူးချိန်မှာ ဟုတ်ပါ့မလားတွေးမနေဘဲ ဒါမှမဟုတ် သူတို့စိတ်ရင်းကိုခန့်မှန်းမနေဘဲ ချီးကျူးစကားကို ပဲ ဝမ်းမြောက်ဝမ်းသာခံယူလိုက်ပါ။


၄။ သူစိမ်းတွေက သင်နဲ့ မျက်လုံးချင်းဆုံအောင် ကြိုးစားကြတာကို ကြုံဖူးမှာပါ..


တစ်ခါတရံမှာ သင်နဲ့မသိတဲ့ သူစိမ်းတွေက သင့်ကို ငေးကြည့်နေတာမျိုး ဒါမှမဟုတ် သင်နဲ့ မျက်လုံးချင်းဆုံဖို့ ကြိုးစားနေတာမျိုးကို ကြုံဖူးမှာပါ။ အဲဒီအခါ သင့်ကိုဘာကြောင့်ကြည့်တာလဲဆိုတာ အတင်းကြီးစမ်းစစ်မနေပါ နဲ့။ အဲဒီလိုကြည့်တယ်ဆိုတာ သူတို့အနေနဲ့ သင့်ရဲ့ဆွဲဆောင်မှုကြောင့် မကြည့်ဘဲ မနေနိုင်လို့ ကြည့်မိကြတာ ဖြစ်ပါတယ်။


၅။ လူတွေက တစ်ခါတရံ သင့်ကိုတွေ့ချိန်မှာ မျက်ခုံးပင့်တက်သွားတာကို ကြုံဖူးမှာပါ..


လူတွေဟာ အဲဒီအပြုအမူကို အမြဲတမ်းမှားယွင်း ဆုံးဖြတ်မိတတ်ကြပါတယ်။ အဲဒါဟာ အံံ့သြလို့ကြည့်တာ၊ သင်တစ်ခုခုထူးဆန်းနေလို့ ကြည့်တယ်ဆိုတာထက် သင့်ရဲ့ဆွဲဆောင်မှုကို ဖြတ်ကနဲ မြင်လိုက်ရချိန်မှာ တဒင်္ဂ မှင်သက်သွားကြတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ယုံကြည်မှုဟာ အလှတစ်မျိုးပါပဲ။ အသားဖြူနေမှ၊ မျက်လုံးလေး ဝိုင်းနေမှ၊ နှုတ်ခမ်းလေး ဖူးနေမှ၊ မျက်ခုံးလေးထင်းနေမှဆိုတဲ့ သမားရိုးကျအတွေးအခေါ်တွေကို ဖျောက်ပစ် လိုက်ပါ။ သင့်မှာလည်း ကိုယ်ပိုင်အလှတစ်ခုရှိသလို သင့်နည်းသင့်ဟန်နဲ့ ဆွဲဆောင်မှုရှိနေပါတယ်။


by Cherry Mon
Ref; Sarcasm

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။