အချစ်အတွက်တိုက်ပွဲဝင်မယ့် ရာသီခွင်(၃)ခု

လောကကြီးမှာ အချစ်ကို ပေါ့ပျက်ပျက်ပဲ သဘောထားသူတွေ ရှိသလို အချစ်ကို ဘဝတစ်ခုလုံး ပုံအပ်ထားသူတွေလည်း ရှိပါတယ်။ အချစ်အတွက် တိုက်ပွဲဝင်သူတွေ၊ အချစ်အတွက် သေပွဲဝင်သူတွေ တကယ်ကို ရှိပါတယ်။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ နောက်ဆုံး မိနစ်၊ စက္ကန့်အထိ အချစ်ကို ဖမ်းဆုပ်ထားချင်တဲ့သူ၊ ကိုယ့်ချစ်သူကို လွယ်လွယ်နဲ့ လက်မလွှတ်တဲ့သူတွေပေါ့။ သင်လည်း ချစ်သူကို လွယ်လွယ် အဆုံးရံှုးမခံတတ်တဲ့သူတစ်ယောက်ဆိုရင် ဒီရာသီခွင်ထဲက တစ်ခုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ပြိဿရာသီဖွား (Taurus – April 20 to May 20)

ဘယ်လောက်ပဲ ခက်ခဲတဲ့အခြေအနေ ဖြစ်နေပါစေ။ ပြိဿတွေဟာ ချစ်သူကို ထားခဲ့ပြီး ထွက်ပြေးမယ့်သူတွေ မဟုတ်ပါဘူး။ နဂိုတည်းက ခေါင်းမာတဲ့ အခံကြောင့်လည်း ပါပါတယ်။ ဒီရာသီဖွားတွေက အချစ်တစ်ခုကို ဖြည်းဖြည်းမှန်မှန်လေး ပျိုးထောင်တတ်ကြပါတယ်။ များသောအားဖြင့် သူငယ်ချင်းတစ်ယောက်လို ခင်မင်ရင်းနှီးအောင်လုပ်ပြီး တစ်ယောက်အပေါ်တစ်ယောက် လေးစားတဲ့ ဆက်ဆံရေးမျိုးဖြစ်အောင် အရင်လုပ်လေ့ ရှိပါတယ်။ ဒီလိုအစပျိုးမှုက ခိုင်မြဲတဲ့ အချစ်ရေးမျိုးကို ယူဆောင်လာနိုင်တယ်လေ။ 

Image result for i won't let go gif

အချစ်ကို ယုံစားတတ်ကြပြီး ရှိသမျှအချစ်တွေ အကုန်ပုံပေးတတ်တဲ့ ရာသီခွင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အချစ်ကို လက်လွှတ်လိုက်ဖို့ သူတို့ဘယ်တော့မှ ရွေးချယ်မှာ မဟုတ်ပါဘူး။ စိတ်ရှည်သည်းခံတယ်၊ ယုံကြည်အားထားရတယ်၊ ယေဘုယျအားဖြင့် ဇွဲကောင်းတယ်။ အထူးသဖြင့် ချစ်ရတဲ့သူအတွက်ဆို ဘာမဆိုရင်ဆိုရဲတဲ့သူတွေ ဖြစ်ပါတယ်။

ဗြိစ္ဆာရာသီခွင် (Scorpio – Oct 23 to Nov 21)

ဗြိစ္ဆာရာသီဖွားတွေက လူတွေကို အယုံမလွယ်သလို၊ ကြိုးကိုင်ခြယ်လှယ်တာကိုလည်း မကြိုက်ကြပါဘူး။ ဒါကြောင့် သူတို့ယုံကြည်တဲ့သူကို တွေ့ပြီဆိုတာနဲ့ သူတို့က လက်မလွှတ်တော့ပါဘူး။ တကယ်တမ်းကျတော့ ဒီရာသီဖွားတွေက စိတ်ထိခိုက်ခံစားလွယ်တဲ့သူတွေ ဖြစ်ပါတယ်။ တော်ရုံမချစ်တတ်ပေမယ့် ချစ်ပြီဆိုရင်လည်း မျက်ကန်းတစ်ယောက်လိုကို ချစ်တတ်ကြပါတယ်။ 

Image result for i won't let go gif

သူတို့ရဲ့အချစ်ရေးကို ထိခိုက်မယ့်ကိစ္စမှန်သမျှကို တိုက်ခိုက်တတ်ကြပါတယ်။ ဆုံးဖြတ်ချက်ခိုင်မာသူတွေ ဖြစ်တာကြောင့် တစ်ခုခုလိုချင်ပြီဆိုရင် မရရအောင် ယူတတ်ကြပါတယ်။ ဒါကြောင့် သင့်ဘက်ကသာ လုံးဝ ခွင့်မလွှတ်နိုင်လောက်တဲ့ အမှားကြီး မမှားသ၍ ဗြိစ္ဆာတွေက သင့်ကို ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ပါဘူး။

မကာရရာသီဖွား (Capricorn – Dec 22 to Jan 19)

မကာရ ရာသီဖွားတွေက ဘယ်ကိစ္စကိုမှ တစ်ဝက်တပျက်မလုပ်တတ်ပါဘူး။ ခိုင်မာတဲ့ အချစ်ရေးတစ်ခု တည်ဆောက်ပြီးပြီဆိုရင် ဆက်ပြီး ခိုင်မာအောင် ထိန်းသိမ်းတတ်ပါတယ်။ တော်တော်ကြာကြာကို ထိန်းသိမ်းနိုင်ကြတာပါ။ မကာရ ရာသီဖွားတွေဟာ အချစ်တစ်ခုကို အစပျိုးပြီဆိုတာနဲ့ ရေရှည်တည်မြဲဖို့ ရည်ရွယ်ထားကြပါတယ်။ ဒါကြောင့် ချစ်ချင်တိုင်းချစ်ပြီး ပစ်ချင်တိုင်းပစ်သွားမယ့်လူတွေထဲမှာ မကာရတွေ မပါပါဘူး။

Related image

သူတို့အစပျိုးလိုက်တဲ့ တိုက်ပွဲကို မနိုင်နိုင်အောင် တိုက်တတ်သူတွေလည်း ဖြစ်ပါတယ်။ အင်အားစိုက်ထုတ်ပြီး ကြိုးစားရင် ဘယ်အရာမဆို အောင်မြင်အောင်လုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူတွေပါ။ ဒါကြောင့် သူတို့အချစ်လမ်းခရီးမှာ ဆူးညှောင့်ခလုတ်တွေ များခဲ့ရင်တောင် လမ်းရအောင်ဖောက်ပြီး ဇွဲရှိရှိနဲ့ အဆုံးထိရောက်အောင် ဆက်သွားမယ့်သူတွေပါ။

Related image 

အချစ်ကို မိုနိုပိုလီလောက်ပဲ သဘောထားတဲ့ ရာသီခွင်တွေရှိသလို အခုလိုမျိုး အချစ်ကို အလေးထားတဲ့ ရာသီခွင်တွေလည်း ရှိပါသေးတယ်။ သင်လည်း ဒီရာသီခွင်ထဲက တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် သင်တန်ဖိုးထားတဲ့ အချစ်အတွက် ဆက်လက်တိုက်ခိုက်ပါ။ ကောင်းသောတိုက်ခိုက်ခြင်းတော့ ဖြစ်ရမှာပေါ့။ တကယ်လို့ သင်က အချစ်ကို တန်ဖိုးမထားတတ်သေးဘူးဆိုရင်လည်း တန်ဖိုးထားတတ်အောင် သင်ယူလိုက်ပါ။

Ref; www.elitedaily.com

By Paulina