ကလေးငယ်များကို လက်ဖက် မကျွေးသင့်ပါ

အိမ်မှာ ဟင်းမကြိုက်ရင် မချက်ရင် အလွယ်တကူ ဝယ်လို့ရတဲ့အသင့်စား လက်ဖက်တွေနဲ့ ထမင်းစားနေတာကို တော်တော်များများ တွေ့လာပါတယ်။ ကလေး လူကြီး ကျား မ မရွေး တော်တော်များများလည်း ကြိုက်ကြပါတယ်။သို့ပေမယ့် ကလေးငယ်တွေ အတွက်တော့လက်ဖက်ဟာ မစားသင့်တဲ့အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။

အကြောင်းရင်းကတော့လက်ဖက်ဟာ အူလမ်းကြောင်းမှ သံဓာတ်စုပ်ယူခြင်းကို ပိတ်ပင်လို့ ကလေးတွေမှာ သံဓာတ်ချို့တဲ့ လာတတ်တယ်လို့ပဲ ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ရင် သွေးအားနည်းရောဂါပါ ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးကတော့ ကလေးငယ်တွေမှာ ကိုယ်ခန္ဓာ ကြီးထွား ဖွံ့ဖြိုးမှုကိုပါ ထိခိုက်လာစေပြီး ဦးနှောက် နှင့် အာရုံကြော ဖွံ့ဖြိုးမှု ကိုပါ နှောင့်နှေး လာစေနိုင်တာပါပဲ။ဒါကြောင့် မိဘများ အနေနဲ့ မိမိကလေးငယ်တွေရဲ့ အနာဂါတ်အတွက် အလွယ်တကူ ဝယ်လို့ရတဲ့ အသင့်စား လက်ဖက်တွေကို မကျွေးတော့ဘဲ စနစ်တကျ ပြင်ဆင်ချက်ပြုတ်ပေးပါလို့ အကြံပြု ပြောကြားချင်ပါတယ်။

မသိသေးတဲ့ မိဘတွေ သိအောင်လည်း Share ပေးပါဦးနော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။