အရင်ပုံစံနဲ့မတူဘဲ လုံးဝပြောင်းလဲသွားခဲ့ကြတဲ့ နာမည်ကျော်ဆယ်လီမမများ

နာမည်ကျော်အနုပညာရှင်တွေ၊ ဆယ်လီတွေဆိုတာ လူတွေကို လွှမ်းမိုးမှုရှိသူတွေဖြစ်တာကြောင့် သူတို့ရဲ့ ဖက်ရှင်နဲ့ ပြင်ဆင်ပုံတွေဟာ လည်း လူအတော်များများအတွက် အထင်ကရပြယုဂ်တွေ ဖြစ်ကြပါတယ်။ သူတို့ ဝတ်တဲ့အဝတ်အစားတွေ လိုက်ဝတ်ကျတာမျိုး၊ ဆံပင်ပုံစံဆိုရင်လည်း လိုက်ညှပ်ကြတာမျိုး လုပ်လေ့ရှိပြီး သူတို့ နဲ့ တူဖို့အရေး ပိုက်ဆံတွေအများကြီးသုံးကြတာလည်း ရှိပါတယ်။


ဒါပေမဲ့ နာမည်ကျော်ဆယ်လီတွေဆိုတာလည်း သူလိုကိုယ်လိုဘဝတွေကနေ တက်လာကြတာပါပဲ။ သူတို့ရဲ့ အသွင်ပြင်ပုံစံဟာလည်း တဖြည်းဖြည်းပြောင်းလဲလာတာကြောင့် ပိုလှလာကြတာရှိသလို တချို့ကလည်း ငယ်နု တုန်းကလောက် မလှတော့တာလည်း ရှိပါတယ်။ အများစုကတော့ နာမည်ကြီးမှ ပိုမိုက်ပြီး ပိုလှလာကြတာ များပါတယ်။ အဲဒါကြောင့် နာမည်ကျော်ဆယ်လီမမတွေရဲ့ အရင်ပုံစံနဲ့ အခုပုံစံကွာခြားမှုကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ်။


Maria Carey


အသက် ၄၉ နှစ်အရွယ် နာမည်ကျော်အဆိုတော်မင်းသမီးကြီး မာရီရာကာရေးရဲ့ အရင်ကပုံစံနဲ့ ပိုလှလာတဲ့ အခုပုံစံကို ဘေးတိုက် ကြည့်မယ်ဆိုရင် သူမှန်းတောင် မသိနိုင်လောက်အောင်ကို ကွာခြားမှုရှိပါတယ်။


Beyonce


အမေရိကန်လူမည်းတစ်ယောက် ဖြစ်ပေမဲ့ အသားညိုညိုနဲ့ ကျက်သရေရှိရှိ ချောမောလှပတဲ့ အသက် ၃၇ နှစ် အရွယ် ကမ္ဘာကျော်အဆိုတော်မင်းသမီး ဘီယွန်းစေးဟာ အရင်ကတည်းက ချောမောတဲ့သူဖြစ်ပေမဲ့ နာမည် ကျော်ပြီးနောက်မှာတော့ သာမန်ရုပ်ရည်ကနေ အလှပဂေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။


Miley Cyrus


ဆယ်ကျော်သက်အရွယ်လေးကတည်းက Hannah Montana ဇာတ်လမ်းနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် အမေရိကန်အဆိုတော်မင်းသမီးလေး မိုင်လေဆိုင်းရပ်စ်ဟာ အခုအချိန်မှာ အတော် ပြောင်းလဲသွားခဲ့ပါပြီ။ အရင်ကန်းထရီးဟန်လေးနဲ့ ချစ်စရာကောင်းတဲ့ မိုင်လေဟာ အခုဆိုရင်တော့ အံ့သြစရာ ကောင်းလောက်အောင် sexy ကျကျပုံစံ ပြောင်းလဲသွားပါတယ်။


Taylor Swift


အရင်က သဘာဝကျကျ ပင်ကိုယ်ရုပ်အခံလေးနဲ့ ချစ်စရာကောင်းတဲ့ ကန်းထရီးအဆိုတော်မလေး တေလာဆွစ်ဟာလည်း အခုဆိုရင် ထပ်တိုးအပြင်အဆင်တွေနဲ့ ဘာဘီအရုပ်မလေးလို တောက်ပစွာ ပိုမိုလှပလာပါတယ်။


Kim Kardashian


နာမည်ကျော်ဆယ်လီတွေထဲမှာ အရင်နဲ့မတူဘဲ လုံးဝကွဲခြားပြောင်းလဲသွားတဲ့ သူတစ်ယောက်ကိုပြပါဆိုရင် ကာဒေရှီယန်ညီအစ်မတွေ ထဲက နာမည်အကြီးဆုံးဖြစ်တဲ့ ကင်မ်ကာဒေရှီယန်ကိုပဲ ပြရမှာပါပဲ။ နဂိုမျက်နှာပေါက် လှတာမှန်ပေမဲ့ အရင်က ခပ်ရိုးရိုးအေးအေး ပုံစံလေးကနေ အခုဆိုရင် sexy ကျကျ အမျိုးသမီးပြယုဂ်တစ်ခု အဖြစ် တင်စားရလောက်အောင် အလန်းစားပုံစံမျိုးကို ပြောင်းလဲ သွားခဲ့ပါတယ်။


Jennifer Lopez


အရည်အချင်းကြောင့်တင်မက အရွယ်တင်နုပျိုမှုနဲ့ ကိုယ်လုံးကိုယ်ပေါက် လှပမှုတွေကြောင့်လည်း လူသိများတဲ့ အလှဘုရင်မ ဂျနီဖာလိုပက်ဇ်ဟာလည်း အရင်ကထက် အများပြီးပိုလှပြီး ပိုလည်း sexy ကျလာပါတယ်။


Jennifer Lawrence


အရင်က အမေရိကရဲ့အသည်းနှလုံးလေးလို့ တင်စားခေါ်ခဲ့ရတဲ့ အမေရိကန်မင်းသမီးချောလေး ဂျနီဖာလောရင့်စ်ဟာ ငယ်ငယ်ကတည်း က ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အခု နောက်ပိုင်းမှာတော့ နာမည်ကျော်အလှပဂေးတစ်ယောက်အသွင်ကို ပြောင်းလဲသွားခဲ့ပါတယ်။


Blake Lively


နာမည်ကျော်မင်းသမီးချော ဘလိတ်ခ်လစ်ဗ်လီဟာလည်း အရင်က ခပ်ရိုးရိုးပုံစံကနေ ရွှေရောင်ဆံပင်နဲ့ အမိုက်စားအမျိုးသမီး တစ်ယောက်အသွင်ကို ပြောင်းလဲလာခဲ့ပါတယ်။


by Cherry Mon
Ref; Sarcasm


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။