ဒေါသကြီးပြီး ရန်ဖြစ်လွယ်တဲ့ ကောင်မလေးတွေဟာ အမျိုးသားတွေကို ပိုမိုကျန်းမာပျော်ရွှင်စေနိုင်

RS ချိတ်ထားတဲ့ သမီးရည်းစားစုံတွဲတွေဟာ သူတို့ရဲ့ရည်စားတွေက စွာလွန်းပြီး သူတို့ချင်း ရန်ဖြစ်စကားများ ရလွန်းတာကြောင့် မပျော်ရွှင်ရဘူးလို့ ထင်တတ်ကြပါတယ်။ မိန်းကလေးတွေထက်စာရင် ယောကျာ်းလေးတွေ က အဲဒီလို ပိုငြီးတတ်ကြပါတယ်။ သူတို့ကောင်မလေးတွေ ဒေါသကြီးလွန်းလို့ ရန်ပဲဖြစ်နေရတယ်လို့ ဆင်ခြေ တက်တတ်ကြပါတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျလေ့လာ တွေ့ရှိချက်တွေအရ ဒေါသကြီးတဲ့၊ စိတ်တိုတတ်တဲ့ ကောင်မလေးတွေဟာ အမျိုးသားတွေကို ပိုမိုကျန်းမာပျော်ရွှင်စေပါသတဲ့။


 အဲဒီလေ့လာတွေ့ရှိချက်မှာ ဒေါသကြီးပြီး ဆတ်ဆတ်ထိမခံတဲ့ ကောင်မလေးတွေကို ရရှိထားတဲ့ အမျိုးသား တွေဟာ ပိုမိုကျန်းမာ ပျော်ရွှင်တဲ့ဘဝကို ရရှိနိုင်တယ်လို့ ဆိုထားပါတယ်။ အမေရိကန်ပြည်ထောင်စု မီရှီဂန် ပြည်နယ်တက္ကသိုလ်နဲ့ ရှီကာဂိုတက္ကသိုလ်တို့ကနေ လူပေါင်း ၁၂၂၈ ယောက်ကို လေ့လာစမ်းသပ်ခဲ့ကြတာ ဖြစ်ပြီး သူတို့ရဲ့သမီးရည်းစားဘဝမှာ ဘယ်လောက်အထိ ပျော်ရွှင်ကျေနပ်ကြောင်း ကို စူးစမ်းခဲ့ကြပါတယ်။


ဒါပေမဲ့ လေ့လာတွေ့ရှိချက်ရဲ့ ရလဒ်တွေမှာ လူတွေအလိုက် ကွဲပြားခြားနာမှုတွေလည်း ရှိခဲ့ပါတယ်။ စိတ်တို တတ်တဲ့ လူတွေဟာ ဘယ်လို RS မျိုးမှာမဆို ငြိမ်းချမ်းမှုကို ဖျက်ဆီးသလိုမျိုး ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ အဲဒါ က အကျိုးကျေးဇူးတော့ ရှိပါတယ်။ အဲဒီလို စိတ်တိုလွယ်ပြီး ဒေါသကြီးတဲ့ကောင်မလေးမျိုးကို ရည်းစားတော် ထားရတဲ့ အကျိုးကျေးဇူးကတော့ သင့်ကို ဆီးချိုရောဂါမဖြစ်အောင် ကာလရှည်တားဆီးနိုင်တာပါပဲ။


ပုံမှန်ဆိုရင် အကောင်းမြင်စိတ်ရှိပြီး စိတ်ရှည်သည်းခံတတ်တဲ့ မိန်းကလေးတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိပြီး သမီးရည်စားဆက်ဆံရေးကို လည်း ပိုအဆင်ပြေချောမွေ့စေတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေ ကိုယ်တိုင် အမျိုးသားတွေဆီက ရရှိတဲ့ စမ်းစစ်ချက်အဖြေတွေ ကြောင့် အံ့သြသင့်ခဲ့ကြရပါတယ်။ သူတို့တွေရဲ့ အဆိုအရ စိတ်တိုဒေါသထွက်လွယ်တာကြောင့် သူတို့ထိန်းချုပ်နေရတဲ့ ကောင်မလေးတွေ ဟာ သူတို့အတွက် ပိုအထောက်အကူဖြစ်စေပါသတဲ့။


စိတ်ဓာတ်ပြင်းထန်ထက်မြတ်တဲ့ မိန်းကလေးတွေဟာ သူမကိုယ်ကို တန်ဖိုးထားပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်လည်း ရှိကြပါတယ်။ သူတို့ဟာ သူတို့ရဲ့လက်တွဲဖော်၊ ရည်းစားကို ပွင့်ပွင့်လင်းလင်း ဖွင့်ထုတ်ပြောဖို့ တွေဝေနေမှာ မဟုတ်တာကြောင့် အဲဒီအချက်က သူတို့ရဲ့လက်တွဲဖော် အတွက် အပြုသဘောဆောင်တဲ့ အချက်တစ်ခုပါပဲ။


အုံ့ပုံးမနေဘဲ ဒေါသအလျောက် ထုတ်ပြောတတ်တဲ့ ကောင်မလေးတွေဟာ သူတို့ရဲ့သမီးရည်းစားဆက်ဆံရေးမှာ တာရှည် နားလည်မှုလွဲတဲ့အဖြစ်မျိုး မရှိနိုင်ပါဘူး။ အဲဒီလိုမကြာခဏရန်ဖြစ်နေတာဟာလည်း သူတို့ရဲ့ ဆက်ဆံရေးကို ငြိမ်သက်မနေစေဘဲ လှုပ်လှုပ်ရှားရှား ဖြစ်စေတာကြောင့် ပျင်းစရာလည်း မဖြစ်တော့ပါဘူး။ အဲဒါကြောင့် စိတ်တိုလွယ်တဲ့ ကောင်မလေးတွေဟာ သူတို့ရည်းစားတွေအတွက် ဆွဲဆောင်မှုပိုရှိပြီး ရန်ဖြစ် လိုက် ပြန်ချစ်လိုက်နဲ့၊ သူတို့ရဲ့ RS ဘဝကိုလည်း ပိုပျော်စရာကောင်းစေပါတယ်။


by Cherry Mon
Ref; Sarcasm


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။