ညအိပ်ရာဝင်ရင်ဘာလို့ ခြေအိတ်ဝတ်သင့်တာလဲ

မနက်ခင်းမှာအားအင်ပြည့်ဝစွာရှိနေမှ တစ်နေကုန်မပင်ပန်းပဲ အလုပ်လုပ်နိုင်မှာပါ…။အဲဒီအတွက်ကြောင့် ညဘက်မှာကောင်းစွာအိပ်ပျော်ဖို့လိုပါတယ်…။

ညဘက်အိပ်တဲ့အခါ ခြေအိတ်ဝတ်ဆင်ပြီးအိပ်တာက အိပ်ပျော်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါ…။ ဘာကြောင့်လည်းဆိုတော့ ခန္ဓာကိုယ်တွင်းပိုင်းအပူချိန်က အိပ်ပျော်ခြင်းအတွက် အဓိကသက်ရောက်မှုတစ်ခုဖြစ်ပါတယ်…။ အိပ်ယာပေါ်ရောက်လို့ စောင်ခြုံလိုက်မယ်၊ သင့်အသားအရေအတွက် အေးမြနေစေမယ့်သန့်ရှင်းတဲ့ခြေအိတ်လေးကို ဝတ်ဆင်မယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွင်းပိုင်းအပူချိန်လျော့ကျလာပြီး သင့်ကိုမြန်မြန်ဆန်ဆန်ပဲအိပ်ပျော်စေမှာပါ…။

- ညဘက်ချွေးထွက်တာကို ကာကွယ်ပေးနိုင်ပါတယ်… ။
ခြေအိတ်ဝတ်ပြီးအိပ်တာက သင့်ခန္ဓာကိုယ်ကို ပုံမှန်အပူချိန်ရောက်အောင် ကူညီပေးရာရောက်ပါတယ်…။

- နွေးထွေးမှုရှိစေပါတယ်…။
ဆောင်းတွင်းဘက်တွေမှာဆို လူအများစုကအသားအရေခြောက်သွေ့မှုကိုခံစားရပြီး ခြေဖနောင့်ကွဲအက်မှုကိုခံစားကြရပါတယ်… ။

အဲဒါအတွက်အကောင်းဆုံးနည်းလမ်းကတော့ ညအိပ်ခါနီးမှာ သန့်ရှင်းခြောက်သွေ့တဲ့ခြေအိတ်တစ်စုံကို ဝတ်ဆင်ပြီးအိပ်သင့်တာပါပဲ…။ ညအိပ်ရာဝင်ခါနီးတိုင်း ခြေဖဝါးလေးကို အဆီတခုခု (သို့) body lotion လေးလိမ်းပြီး ချည်သားခြေအိတ်လေးဝတ်အိပ်ခြင်းဖြင့် ခြေဖနောင့်အက်ကွဲခြင်းကို သက်သာလာစေပါတယ်။

- ကျန်းမာရေးအတွက်လည်းကောင်းပါတယ်… ။
သင်ဖျားနာနေတဲ့အခါမှာ ခြေအိတ်ထဲကို ကြက်သွန်နီထည့်အိပ်ပါက သင့်ခန္ဓာကိုယ်အပူချိန်ကိုလျှော့ချပေးနိုင်ပါတယ်…။

ချောင်းဆိုးတာကို ကာကွယ်ဖို့ဆိုရင် မုန်ညင်းစေ့လက်တစ်ဆုပ်စာရဲ့တစ်ဝက်ကို ခြေအိတ်ထဲထည့်ပြီးညအိပ်လိုက်ပါ…။ မနက်ကျရင်အသစ်ပြန်လဲပြီး တစ်နေ့လုံးနေပြီး ချောင်းဆိုးခြင်းကို ကာကွယ်နိုင်ပါတယ်…။

အရမ်းထူတဲ့ သိုးမွှေးလိုထူထူထဲထဲ ခြေအိတ်မျိုးက ဒီကရာသီဥတုနဲ့ အဆင်မပြေလှပါဘူး။ ခြေအိတ်သိပ်ထူလွန်းရင် ချွေးထွက်ပြီး အဆင်မပြေတဲ့အတွက်၊ ချည်သားနဲ့ပြုလုပ်ထားတဲ့ လေဝင်လေထွက်ကောင်းတဲ့ခြေအိတ်လေးတွေကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။


တနေ့လုံးဝတ်ထားတဲ့ခြေအိတ်ကိုတော့ ညအိပ်ရာဝင်ခါနီးဝတ်မအိပ်သင့်ပါဘူး။ ခြေအိတ်မသန့်ရင် ဘက်တီးရီးယားတွေပေါက်ဖွားပြီး ခြေချောင်းလေးတွေမှာ မှိုစွဲတာဖြစ်လာတတ်တာကြောင့် ခြေအိတ်သန့်သန့်လေးတွေကိုသာ ညဘက်ဝတ်ဆင်သင့်ပါတယ်။