ကျောက်ကျောကို ဘယ်ကရသလဲဆိုတာ သင်သိပါသလား

စားသောက်ကုန်နှင့် အဖျော်ယမကာတွေထဲမှာ မြင်တွေ့နေရတဲ့ (ကျောက်ကျော)ကို အပင်တစ်မျိုးကနေ

တစ်ဆင့်ထုတ်ယူရရှိတာပါ..တဲ့ ။

သူ့ရဲ့သိပ္ပံ အမည်ကတော့ (Platostoma palustre )လို့ခေါ်ဆိုပြီး အင်္ဂလိပ်အမည်ကတော့( Grass jelly plant) လို့ ခေါ်ဆိုပါတယ်။... ဗမာလိုအခေါ်အဝေါ်ကတော့ ကျောက်ကျောပင်လို့ခေါ်ကြပြီး ရှမ်းလို နမ့်ပင်းတူး..လို့ လည်း ခေါ်ကြပါတယ်။အနောက်ဘက်ချင်းတွင်းဒေသတွေမှာ တွေ့ရများပါတယ်။

ပုံထဲမှာဖော်ပြပေးထားတဲ့ အပင်ရဲ့အရွက်ကို ခူးဆွတ်၍ ရေနဲ့အတူရောစပ်ပြီး အရည်ညှစ်ယူရပါတယ်။

၎င်း အရွက်မှရရှိသော အရည်ကို ပြန်လည်ကျိုချက်ပြီးတော့မှ ကျောက်ကျော ရရှိလာတာဖြစ်ပါတယ်.. တဲ့ ။

အများအားဖြင့် အအေးတို့ ဖာလူဒါတို့တွေမှာ ထည့်စားကြတာများပေမယ့် .. တချိူ့ကျ ဆီချက်၊ သံပုရာရည် .. ငရုပ်သီးမှူန့်တို့နဲ့လည်း သုပ်စားတတ်ကြပါတယ်။

သုပ်စားဖို့ ကျောက်ကျောတုံးလုပ်နည်းလေးပါ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။

နမ့်ပင်းတူးအရည် - ၂၀ဝ မီလီခန့်

ဆန်မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း ... 

အိုးတစ်လုံးထဲမှာ အဲ့ဒီအရည်နှစ်ခုကို ရောပြီး မီးအေးအေးနဲ့ ကျိုရပါတယ်။ တစ်ဖက် တည်းမွှေရင်း တော်တော်လေးပျစ်လာရင် ပန်းကန်တစ်ချပ်ထဲထည့်ပြီး အအေးခံထား ရပါတယ်။

နောက်တစ်နေ့ဆို စားဖို့ အဆင်သင့်ဖြစ်နေတဲ့ နမ့်ပင်းတူး ကျောက်ကျောလေးတွေ ရပါပြီ။ 

လုပ်တဲ့ ပမာဏနည်းရင်တော့ နောက်တစ်နေ့အထိ စောင့်စရာမလိုပါဘူး။ တစ်ရက်တည်း ၃ နာရီ (သို့) ၄ နာရီဆို အဆင်သင့် စားသုံးနိုင်ပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။