အရင်ကတော့သူငယ်ချင်း အခုတော့အချစ်ရဆုံး ဖြစ်ခဲ့ပြီလို့ ရေးသားပြီး စေ့စပ်ပွဲ တစ်နှစ်ပြည့်ကို ဂုဏ်ပြုလိုက်တဲ့ ဟေလီဘီဘာ

ဂျူလိုင်လ ၇ ရက်နေ့မှာ ဟေလီနဲ့ ဂျက်စတင်တို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်း တစ်နှစ်ပြည့်ခဲ့ပါတယ်။ အခုဆိုရင် ဟေလီက အသက် ၂၂ နှစ်ဖြစ်ပြီး ဂျက်စတင်ကတော့ ၂၅ နှစ် ရှိပါပြီ။ ရည်းစားတွေနဲ့ ပြတ်လိုက်တွဲလိုက် ဖြစ်နေတဲ့ ပေါ့အဆိုတော်လေး ဂျက်စတင်ကတော့ ပြီးခဲ့တဲ့နှစ်တုန်းက ခြေညိမ်သွားခဲ့ပါတယ်။

အရင်နှစ် သူမတို့နှစ်ယောက် ရုတ်တရက် စေ့စပ်ပြီး ၂ လအကြာမှာပဲ နောက်ထပ် Surprise တစ်ခု ထပ်လုပ်ခဲ့ပါတယ်။ အဲဒါကတော့ နျူးယောက်မှာ သစ္စာဆို လက်ထပ်ခဲ့ကြတာပါ။ ယခုနှစ် သူတို့နှစ်ဦးသားရဲ့ နှစ်ပတ်လည်ကို ဘဟားမက်စ်မှာ အပမ်းဖြေပြီး ကျင်းပနေကြတာပါ။

“လွန်ခဲ့တဲ့ တစ်နှစ်တုန်းက နင့်ဘဝရဲ့ အကောင်းဆုံး သူငယ်ချင်း ဖြစ်ပေးဖို့ သဘောတူခဲ့တယ်။ ဒီနေ့မှာတော့ နင်ဟာ ငါ့ဘဝရဲ့ အချစ်ရဆုံး ဖြစ်နေခဲ့ပြီ။ နင့်ကြောင့်မို့လို့ ဘဝရဲ့နေ့ရက်တိုင်းက ပိုမို လှပလာခဲ့တယ်။ ငါ့နှလုံးသားက ထာဝရ နင့်အတွက်ပါပဲ။ အတူတူ သင်ယူရင်း အတူတူ အသက်ကြီးကြရအောင်” လို့ သူမရဲ့ Instagram မှာ ရေးသားခဲ့ပါတယ်။

 

နောက်ရက်မှာတော့ နှစ်ဦးသား online မှာ နာမည်ကြီးနေတဲ့ ပုလင်း အဖုံးဖွင့်တဲ့ Challenge ကို ပြုလုပ်ခဲ့ကြပါတယ်။ အကျင့်တူ၊ ဝါသနာတူပြီး စိတ်ချင်းနီးစပ်တဲ့ ချစ်သူနှစ်ယောက် အခုလို ပျော်ရွှင်နေတာ တွေ့ရတော့ စိတ်ကြည်နူးစရာပါပဲ။

 

Jelena ဆိုတာကြီးကတော့ ကြာလေ ဝေးလေး ဖြစ်သွားပါပြီ။ Taylor Swift နဲ့ Scooter Braun တို့ရဲ့ ကိစ္စကြောင့်လည်း Selena နဲ့ Justion တို့ ရပ်တည်တဲ့ဘက်တွေ ကွဲကုန်ပြီး ကြာလာရင် ရန်သူတွေတောင် ဖြစ်လာနိုင်ပါတယ်။

အချစ်ဆုံးသူက ရန်သူတွေ ဖြစ်လာနိုင်သလို၊ သူငယ်ချင်းကလည်း အချစ်ဆုံးသူ ဖြစ်သွားနိုင်တယ်ဆိုတာ သူတို့သုံးဦးက သက်သေပြနေသလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ဂျက်စတင်ကို ချစ်လွန်းတဲ့ ဟေလီအတွက် အခုလိုလေးပဲ ဂျက်စတင် ဆက်ပြီး သစ္စာရှိနေပေးဖို့ပဲ မျှော်လင့်ကြရမှာပါ။

Love birds: The couple took a stroll through Hyde Park on September 17th, 2018 as Hailey smiled at her then-fiancee 

Ref; www.dailymail.co.uk

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။