Turborg မှ brand ambassador ရေမွန် နဲ့အတူ မြို့ကြီး ၈ မြို့မှာ ဂီတဖျော်ဖြေပွဲတွေပြုလုပ်သွားမည်

ဝယ်ယူအားပေးသူများအတွက် လန်းဆန်းပျော်ရွှင်ဖွယ် အကောင်းဆုံး အတွေ့အကြုံများအား ပေးအပ်သွားနိုင်ရန် ရည်ရွယ်၍ Tuborg သည် မြန်မာနိုင်ငံရှိ မြို့ကြီးအချို့သို့ တစ်လကြာ လှည့်လည်၍ Fun Night နယ်လှည့် ဂီတခရီးစဉ် ဖျော်ဖြေပွဲများ ကျင်းပပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။ ဤ Fun Night ဂီတခရီးစဉ် စတင်မိတ်ဆက်ခြင်း အခမ်းအနားအား ယနေ့တွင် ရန်ကုန်မြို့ရှိ Regional Bistro Bar တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စာနယ်ဇင်းများ တက်ရောက်ခဲ့ကြသည်။



အဆိုပါ နယ်လှည့်ဂီတခရီးစဉ်တွင် Tuborg ၏ brand funbassador ဖြစ်သူ Raymond နှင့် ၎င်း၏ Idiots music band မှလည်း ပါဝင်အားဖြည့်သွားမည် ဖြစ်ပြီး နိုင်ငံတဝန်းရှိ မြို့ကြီး ၈ မြို့ ဖြစ်သည့် ပြည်၊ မကွေး၊ မုံရွာ၊ မန္တလေး၊ လားရှိုး၊ နေပြည်တော်၊ တောင်ငူ နှင့် ရန်ကုန်မြို့များရှိ သတ်မှတ်ထားသော Tuborg Beer Stations များတွင် ဖျော်ဖြေပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ထို့အပြင် Tuborg သည် ဤ ဂီတခရီးစဉ် တစ်လျှောက်တွင် ဝယ်ယူအားပေးသူများ အတွက် ပရိုမိုးရှင်း အစီအစဉ်များနှင့် ပျော်ရွှင်ဖွယ် ဂိမ်းအစီအစဉ်များကိုလည်း ထည့်သွင်း ပေးအပ်သွားမည် ဖြစ်သည်။ Raymond နှင့် Idiots အဖွဲ့၏ ဖျော်ဖြေမှုများ ပါဝင်သည့် Tuborg Fun Night များ ကျင်းပသွားမည့် အရောင်းဆိုင်များနှင့် နေ့ရက် များမှာ အောက်ပါအတိုင်းဖြစ်သည်။

နေ့ရက် မြို့ အရောင်းဆိုင်
ဇူလိုင် ၁၄ (တနင်္ဂနွေနေ့) ပြည် နယူးမိုးဆောင်း
ဇူလိုင် ၁၆ (အင်္ဂါနေ့) မကွေး VIP Bar
ဇူလိုင် ၁၈ (ကြာသပတေးနေ့) မုံရွာ ရွှေသပြေ
ဇူလိုင် ၂၀ (စနေနေ့) မန္တလေး ရွှေရာစု ၂
ဇူလိုင် ၂၃ (အင်္ဂါနေ့)
လားရှိုး
Freedom Pub

ဇူလိုင် ၂၆ (သောကြာနေ့)
နေပြည်တော် Excellent
ဇူလိုင် ၂၈ (တနင်္ဂနွေနေ့) တောင်ငူ Grace Star

သြဂုတ် ၂ (သောကြာနေ့)
ရန်ကုန်
Summit Music Club


အဆိုပါ နယ်လှည့် ဂီတခရီးစဉ်တွင် Tuborg သည် ဝယ်ယူအားပေးသူများ ပိုမိုစိတ်လှုပ်ရှားစေရန်အတွက် Raymond နှင့် Idiots အဖွဲ့တို့နှင့် ပူးပေါင်း၍ သီဆိုဖျော်ဖြေခွင့်ရမည့် အစီအစဉ်တစ်ခုကိုလည်း ထည့်သွင်းပေးသွားမည် ဖြစ်သည်။ Idiots အဖွဲ့ သီဆိုဖျော်ဖြေနေစဉ် အချိန်တွင် ဝယ်ယူအားပေးသူများသည် ဘီယာတစ်ခွက်ဝယ်ယူမှုတိုင်းအတွက် ကံစမ်းမဲ ကူပွန် တစ်ခုစီ ရရှိသွားမည် ဖြစ်ပြီး ဖျော်ဖြေပွဲ ပထမပိုင်း ပြီးဆုံးချိန်တွင် ကံထူးရှင် ၃ ဦးအား ရွေးချယ်ကြေညာသွားမည် ဖြစ်သည်။ အဆိုပါ ကံထူးရှင် ၃ ဦးသည် Raymond၊ Idiots အဖွဲ့တို့နှင့် တွဲဖက်၍ သီဆိုဖျော်ဖြေခွင့် ရရှိသွားမည် ဖြစ်ပြီး အကောင်းမွန်ဆုံး သီဆိုဖျော်ဖြေနိုင်သူသည် Tuborg မှ ပေးအပ်သော အရည်အသွေးမြင့် လက်ဆောင်များအား ရယူပိုင်ဆိုင် သွားနိုင်မည် ဖြစ်သည်။



“Tuborg အနေနဲ့ ဝယ်ယူအားပေးသူတွေအားလုံးအတွက် ပိုမိုဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တွေကို သယ်ဆောင်လာ ပေးနိုင်ဖို့ အစဉ်မပြတ် ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာတဲ့ အချိန် ကတည်းက စပြီး ကျွန်တော်တို့ Tuborg အနေနဲ့ နိုင်ငံတကာက အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံက အနုပညာရှင်တွေ အတူ ပူးပေါင်းပြီး တေးသီချင်းဖန်တီးမှုတွေ ပြုလုပ်ခွင့်ရရှိခဲ့တဲ့ Tuborg Open လိုမျိုး အစီအစဉ်တွေ၊ Tuborg Fun Nights တွေနဲ့ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Tuborg Music Festival တေးဂီတ ဖျော်ဖြေပွဲတွေ စသဖြင့် ဝယ်ယူအားပေး သူတွေအတွက် အကန့်အသတ်မရှိတဲ့ ပျော်ရွှင်မှု အတွေ့အကြုံတွေကို ပေးအပ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ပိုမိုပြီး စိတ်လှုပ်ရှား စရာ ကောင်းတဲ့ အစီအစဉ်တွေကို Tuborg က ဆောင်ယူလာပေးဦးမှာပါ။ Tuborg နဲ့ Raymond အတွက် ပထမဦးဆုံးအကြိမ် နယ်လှည့်ဂီတခရီးစဉ် ဖြစ်လာမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့လည်း ကြိုက်နှစ်သက် ကြမယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာလည်း Tuborg အနေနဲ့ ပိုမိုဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အစီအစဉ်တွေကို ထပ်မံယူဆောင်လာဦးမှာပါလို့ ကတိပြုပြောကြားလိုပါတယ်” ဟု Carlsberg Myanmar ၏ Deputy Managing Director ဖြစ်သူ Mr. Daniel Tun က ပြောကြားသည်။



မြန်မာလူမျိုး များ တေးဂီတအား ကြိုက်နှစ်သက်ကြသည့် အချက်အား သိရှိနားလည်ထားသည်နှင့်အညီ Tuborg သည် စိတ်လှုပ်ရှားဖွယ်ရာ တေးဂီတကမ်ပိန်းများနှင့် တေးဂီတဖျော်ဖြေပွဲများကိုလည်း ကျင်းကပြုလုပ်ခဲ့ပြီး ဖြစ်ကာ ထောင်ပေါင်းများစွာသော ပရိသတ်များအား အကန့်အသတ်မရှိသော ပျော်ရွှင်မှု အတွေ့အကြုံများ ကို ပေးအပ်နိုင်ခဲ့သည်။



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။