ခေတ်စားနေတဲ့ Bottle Cap Challenge ကို ထူးထူးခြားခြားအစွမ်းပြခဲ့တဲ့ Donnie Yen

ယနေ့ခေတ် Bottle Cap Challenge ကို လူငယ်များကြားမှာ အပျော်သဘောနဲ့ ပျော်ရွှင်စွာ လုပ်ဆောင်လာကြပါတယ်။ ဟိုအရင်က Bottle Flip Challenge လို ရေဗူးကို ပစ်မြှောက်ပြီး ပြန်အကျမှာ ထောင်အောင်လုပ်တာမျိုးလိုပဲ အခုအခါမှာ Bottle Cap Challenge ဟာ တဖန် ခေတ်စားလာပြန်လာပါတယ်။

 Bottle Cap Challenge ဆိုတာ ရေထည့်ထားတဲ့ ပုလင်းထိပ်မှ အဖုံးလေးကို တေ့ရုံလေးတေ့ထားပြီး အကွာအဝေးသတ်မှတ်ကာ ခြေထောက်နဲ့ လှမ်းကန်ရတဲ့ ကစားနည်းပဲ ဖြစ်ပါတယ်။ အဆိုပါ ကစားနည်းဟာ လွယ်မလိုနဲ့ ခက်ခဲတဲ့ ကစားဖြစ်တာကြောင့် ယနေ့ ခေတ်လူငယ်တွေကြား အတော်လေး ရေပန်းစားလာပါတယ်။

အခုလည်း နိုင်ငံကျော်အက်ရှင်မင်းသားကြီးတစ်လက်ဖြစ်တဲ့ Donnie Yen ဟာ သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်များတောင်းဆိုလို့ Bottle Cap Challenge ကို လုပ်ဆောင်ခဲ့ပါတယ်။ Donnie Yen ဟာ Bottle Cap Challenge ကို တခြားလူတွေလို လုပ်ခဲ့တာမျိုးမဟုတ်ဘဲ သူ့ရဲ့ မျက်လုံးကို ပုဝါစည်းခဲ့ပြီး ခန္ဓာကိုယ်ကို လေထဲမှာ ပေါ့ပါးစွာ လှည့်ပတ်ရင်း ကန်လိုက်တာပဲ ဖြစ်ပါတယ်။

Donnie Yen ရဲ့ (၁၆)စက္ကန့်ပဲရှိတဲ့ Challenge Video ကို ကြည့်ရှု့သူသိန်းကျော်ရှိသွားပြီး Reaction ပေါင်း 181K တောင်ရှိနေတဲ့အပြင် Share လုပ်သူပေါင်း (၁၇၈,၆၃၂)  ရှိသွားခဲ့ပါတယ်။

Donnie Yen ဟာ ဟောင်ကောင်ရဲ့ နာမည်ကြီးအက်ရှင်မင်းသားတစ်လက်ဖြစ်သလို ပရိသတ်များစွာ အားပေး ထောက်ခံပြီး ဝန်းရံခံရတဲ့ မင်းသားကြီးတစ်လက်လည်း ဖြစ်ပါတယ်။ ပရိသတ်အများဆုံး Donnie Yen ကို အသိမှတ်ပြုခဲ့တဲ့ ဇာတ်ကားကတော့ Ip Man ဇာတ်ကားဖြစ်ပြီး လက်ရှိမှာတော့ Ip Man (3) အထိ ထွက်ရှိပြီးသွားပြီပဲ ဖြစ်ပါတယ်။ Ip Man (4) ကိုတော့ အခုလ ဇူလိုင် (၂၅)ရက်နေ့မှာ ထွက်ရှိတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

<iframe class="lazy" src="/images/image-01.png" data-src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fdonnieyen.asia%2Fvideos%2F517053205701913%2F&show_text=1&width=380" width="380" height="708" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true" allow="encrypted-media" allowFullScreen="true"></iframe>

Source; Donnie Yen 甄子丹

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။