သင်စာပို့တဲ့အခါ ဒီလိုစာတွေ ပြန်ပို့တယ်ဆိုရင် သူသင့်ကို သဘောကျနေလို့ပါ

ကိုယ် Crush နေတဲ့သူနဲ့စကားပြောဖို့၊ စာပို့ဖို့ဆိုတာ မလွယ်တဲ့အလုပ်ပါ။ မိန်းကလေးတွေဆို ပိုဆိုးတယ်။ ငါစကားသွားပြောလိုက်ရင် သူအထင်သေးသွားမလား ဆိုတာမျိုးတွေ တွေးမိတတ်ကြတယ်။ တကယ်ပြောမယ်ဆိုတော့လည်း ဘာပြောရမှန်းမသိဘူး။ သူဘာတွေးနေမလဲဆိုတာ မသိနိုင်တဲ့အတွက်ကြောင့် ကိုယ်ပို့တဲ့စာက သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်သွားမလား စိုးရိမ်ရသေးတယ်။ အဲလို ဖြစ်နေတဲ့သူတွေအတွက် Crush ကနေ Reply ပြန်တဲ့စာတွေကို ကြည့်ပြီး သူသင့်ကို သဘောကျမကျ ခန့်မှန်းနိုင်တဲ့ နည်းလမ်းလေး ရှိပါတယ်။

Related image

အသေချာဆုံး ခန့်မှန်းလို့ရတဲ့ အချက်တွေ အရင်ပြောပါမယ်။ သင်က Chat Box မှာ သွား Hi လို့သင့်ကို ပြန် Hi ဖို့ ၄၈ နာရီလောက်ကြာနေတယ်ဆိုရင်တော့ သူသင့်ကို စိတ်မဝင်စားတာ သေချာပါတယ်။ နောက်ပြီး သင်ပြောတဲ့စကားတွေကို တစ်ခွန်းပဲ Reply ပြန်တယ်ဆိုရင်လည်း အခြေအနေ သိပ်မကောင်းပါဘူး။ ဘယ်လောက်ပဲ စကားနည်းတဲ့သူ၊ အလုပ်ရှုပ်တဲ့သူ ဖြစ်ဖြစ် ကိုယ်သဘောကျတဲ့သူကိုတော့ အကြာကြီး စာမပြန်ဘဲ မထားပါဘူး။ ဒါမှမဟုတ်လည်း  သူသင့်ကို သဘောကျမကျကို အခြားနည်းလမ်းတွေနဲ့ ခန့်မှန်းလို့ ရပါသေးတယ်။

Meme နဲ့ Gif တွေ ပို့တယ်

Gif နဲ့ပို့တဲ့သူတွေကို အပျင်းကြီးတဲ့သူတွေလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဘာလို့စာနဲ့ရိုက်မပို့လဲ လို့ တွေးမိနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ပြောတဲ့စကားကို အလေးမထားတာများလားလို့ ထင်မိတတ်ပါတယ်။ ဒါပေမဲ့ Gif တွေ Meme တွေပြန်ပို့တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာပါ။ ဒါဟာ ပိုမို ရင်းနှီးခြင်းရဲ့ အဓိပ္ပာယ်ပါ။ နောက်တစ်ခုက သင့်ကိုရယ်စေချင်တဲ့စိတ်၊ ပျော်စေချင်တဲ့စိတ် သူ့မှာ ရှိနေတယ်ဆိုတဲ့ သဘောပါ။

Image result for sending gif on messenger

“Gif နဲ့ Meme တွေ ပို့တဲ့သူတွေဟာ ဘောင်အပြင်ဖက်ကို ထွက်ပြီး တွေးတတ်တဲ့ Creative thinking ရှိသူတွေ ဖြစ်ကြတယ်” လို့ လေ့လာသူတွေက ဆိုပါတယ်။ ရုပ်ပုံအသေလေးတွေဖြစ်တဲ့ Emoji ထက် လှုပ်ရှားနေတဲ့ Gif တွေက ခံစားချက်ကို ဖော်ပြဖို့ ပိုလွယ်ပါတယ်။ နောက်တစ်ခုက ကိုယ်ပြောချင်တဲ့စကားနဲ့ ထပ်တူကျမယ့် Gif တစ်ခုရှာရတာလည်း အချိန်တစ်ခုပေးရပါတယ်။ ဒါကြောင့် သင့် Crush က ရယ်ရတယ်လို့ ပြောချင်တဲ့အခါ Haha emoji မပို့ဘဲ ရယ်နေတဲ့ ရုပ်ပြောင် Gif ကို ပို့တယ်ဆိုရင် သင့်အပေါ် သူခံစားချက် တစ်ခုခု ရှိတယ်ဆိုတဲ့ သဘောပါပဲ။

မေးခွန်းမေးတယ်

စကားပြောတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှနေမှ ပျော်ဖို့ကောင်းတာပါ။ အင်တာဗျူးမှာ မေးနေတဲ့ ပုံစံမျိုးမဟုတ်ဘဲ တစ်ယောက်အကြောင်း တစ်ယောက် ဖလှယ်နေတဲ့ ပုံစံမျိုးဆို ပိုကောင်းပါတယ်။ တကယ်လို့သူက သင်နဲ့ပတ်သက်လို့ ဘာမှမမေးဘူးဆိုရင် သူသင့်ကို သိဖို့မကြိုးစားဘူး၊ သိပ်စိတ်မဝင်စားဘူး ဆိုတဲ့ သဘောပါ။

Related image

“ဒီနေ့အဆင်ပြေလား” လို့မေးလို့ “အင်း အဆင်ပြေပါတယ်” ဆိုရုံလောက်ပဲဖြေတယ်၊ သင်ရော အဆင်ပြေရဲ့လား ဆိုတဲ့ မေးခွန်းကို မမေးဘူးဆိုရင် သူ့စိတ်ထဲမှာ သင်မရှိတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင်တစ်ခုခု မေးလို့သူပြန်ပြောတယ်၊ ပြန်လည်း မေးခွန်းထုတ်တယ်ဆိုရင် အခြေအနေကောင်းပါတယ်။

စာလုံးပေါင်းစစ်တယ်

Image result for texting wrong spelling

လူတစ်ယောက်က ကိုယ်ဘာရေးလိုက်လဲ စိတ်မဝင်စားတဲ့အခါ ရေးချင်ရာရေးပြီး ဒီတိုင်းထားလိုက်ပါတယ်။ တစ်ခါတလေ ကိုယ်ဘာပြောလိုက်မှန်းတောင် မသိလိုက်တာမျိုးပေါ့။ စာမေးပွဲဖြေသလိုပေါ့။ စာမေးပွဲဖြေတဲ့အခါ စာစစ်မယ့်သူဆီမှာ အမှတ်ပြည့်ရဖို့ စာလုံးပေါင်းတွေ၊ သဒ္ဒါတွေကို သေချာ ပြန်စစ်ကြပါတယ်။ ဒါကြောင့် သင့် Crush က သင့်ဆီပို့တဲ့စာမှာ အမှားပါသွားခဲ့ရင် စာလုံးပေါင်းပြန်ပြင်ရေးပြီး ပြန်ပို့တယ်ဆိုတာ သင့်ကို အလေးထားလို့ပါ။ 

ဘယ်လိုနောက်ပြောင်ရမလဲသိတယ်

Image result for laughing on phone gif

သင့်Crush နဲ့သင် တကယ်ပဲ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေတယ်ဆိုရင် စာပို့နေရုံနဲ့တောင် ဆက်နွယ်မှုကို ခံစားရမှာပါ။ ဟာသပြောဖို့ဆိုတာ စကားပြောသူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး သိနေမှ ပြောနိုင်တာပါ။ သင့်ကို စိတ်မဝင်စားဘူးဆိုရင် သင်ဟာသပြောလည်း ရယ်ရတယ်လို့ ထင်မှာမဟုတ်သလို၊ သူလည်း ဘယ်တော့မှ သင့်ကို ဟာသတွေ ပြောပြမှာ မဟုတ်ပါဘူး။ သင်ပြောတဲ့ဟာသကို မြန်မြန် Reply ပြန်လေ၊ သင့်ကို ပိုစိတ်ဝင်စားလေပါပဲ။

သူ့အကြောင်းတွေ ပြောပြတယ်

Related image

တချို့သူတွေက လူချင်းတွေ့တာထက်၊ စာပို့ပြီး စကားပြောတဲ့အခါ ပိုပြီး ပွင့်လင်းကြပါတယ်။ ဒါပေမဲ့ စာပို့တဲ့အခါ ပေါက်ကရတွေပဲ လျှောက်ပြောနေပြီး သူ့အကြောင်း တစ်စွန်းတစ်စတောင် ပြောလေ့မရှိဘူးဆိုရင် သူသင့်ကို စိတ်မဝင်စားလို့ပါပဲ။ ဒီလိုမဟုတ်ဘဲ သင့်Crush က သူ့အကြောင်းတွေ ပြောပြတယ်၊ Messenger Story မှာတောင် မတင်ရသေးတဲ့ သူ့ရဲ့အဖြစ်အပျက်လေးတွေကို ပို့ပေးတယ်ဆိုရင် သင့်ကို စိတ်ဝင်စားနေတာ သေချာပါတယ်။

Image result for happy on phone gif

ဒီအချက်တွေက သင့်Crush ရဲ့စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာကို အတိအကျ မပြောနိုင်ဘူးဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သင်နဲ့ပတ်သက်ပြီး သူ့စိတ်ထဲမှာ ဘယ်လောက် အတိုင်းအတာလောက်ထိ ရှိလဲဆိုတာတော့ မှန်းဆလို့ရနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအချက်လေးတွေသိထားတော့ ရှေ့ဆက်တိုးသင့်လား၊ နောက်ပြန်ဆုတ်သင့်လားဆိုတာ စဉ်းစားလို့ရတာပေါ့။

Ref; www.elitedaily.com

By Paulina