ချိုးပြီးသားရေတွေကို တစ်ဗူးဒေါ်လာ ၃၀ နဲ့ပြန်ရောင်းခဲ့တဲ့ Gamer Girl လေး

Instagram star တစ်ဦးဖြစ်သလို Twitch, Reddit စတဲ့ Gaming site တွေမှာလည်း Miss Rage တို့နဲ့အပြိုင်နာမည်ကျော်တစ်ဦးဖြစ်သူ ဘဲလ်ဒဲလ်ဖင်း ( Belle Delphine ) ဆိုတဲ့ကောင်မလေးဟာ သူမချိုးပြီးသားရေတွေကို တစ်ဗူးဒေါ်လာ ၃၀ နဲ့ ပြန်ရောင်းခဲ့သတဲ့။



ဒါဟာ သူမရဲ့အမာခံ Boy Fan တွေအတွက်ရည်ရွယ်တာဖြစ်တယ်။ ကောင်မလေးက streaming လုပ်ရင်း တစ်ခါတစ်လေ horny ဆန်ဆန်လေးတွေလုပ်ပြတတ်တော့ ကောင်လေးတွေက so so hype so so thirsty ဖြစ်ကြတာကိုးဗျ။ အဲ့တော့ သူမရဲ့ Thirsty & Naughty Boy ( ရေဆာနေတဲ့ကောင်ဇိုးလေးများအတွက် ) ရေငတ်ပြေစေဖို့ရည်ရွယ်ပြီး ချိုးတော်ရေဗူးလေးတွေကို ရောင်းပေးတာတဲ့။ စေတနာဗလပွပေါ့ဗျာ။



နောက်ထပ်အတည်မပြုနိုင်တဲ့သတင်းတစ်ခုအရ Fortnite Game နဲ့ stream နေတုန်း live ကြည့်နေတဲ့ fan boy တစ်ယောက်က မင်းရဲ့ချိုးတော်ရေကို သောက်ရရင်သိပ်ကောင်းမှာ လို့ပြောလိုက်တဲ့အတွက် သူမက အဲ့ဒါကိုအကောင်အထည်ဖော်လိုက်တာဆိုပဲ။

အခုဘာတွေဖြစ်လဲသိလား ?



အဲ့ချိုးတော်ရေပုလင်းလေးတွေကို ရေဆူဆေးပြားထည့်စိမ်ပြီးသောက်တဲ့ကောင်ကသောက်၊ energy drink လိုမျိုးတစ်စိမ့်စိမ့်စုပ်တဲ့ကောင်ကစုပ်၊ Vape နဲ့အတူတွဲသောက်တဲ့ကောင်ကသောက်၊ နောက်ပြီး အသောက်ကောင်းလို့ အာခေါင်နဲ့ပါးစပ်မှာ ရေယုန်တွေ၊ အနာတွေပေါက်ပြီး ဆေးခန်းပြေးတဲ့ကောင်က ပြေးရပေမယ့် ချိုးတော်ရေကတော့ ပန်းပန်ဆဲ၊ ရောင်းလို့ကောင်းဆဲပါပဲ။

ဘယ်လိုလဲ .. ဘဲလ် ရဲ့ချိုးတော်ရေလေးများမသုံးဆောင်ချင်ကြဘူးလားဗျာ ..

Gabriel
Source - mothership.sg

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။