ဒါဘာလေးတွေလဲ သင်သိပါသလား

ကြက်ပေါင်း၊ ဘဲပေါင်း နဲ့ ဟော့ပေါ့တွေထဲမှာ တွေ့ဖူးကြမယ်နဲ့တူပါတယ်။

တွေ့ဖူး စားဖူးကြပေမဲ့ ဘာမှန်းမသိသေးတဲ့သူတွေအတွက် ဗဟုသုတရစေဖို့ ဖော်ပြပေးချင်ပါတယ်။ 

Goji Berry (ဂိုချီစေ့)လို့ ခေါ်ပါတယ်။

Goji Berryစေ့ဟာ မျက်စိကျန်းမာရေးနဲ့ ပတ်သက်ပြီး အင်မတန် နာမည်ကြီးပါတယ်။

မျက်စိအတွက် အရမ်းကို ကောင်းပါတယ်။ အစေ့၂၀လောက်ကို ရေသန့်ဗူးထဲထည့် စိမ်သောက်လည်းရသလို၊ ဟင်းနုနွယ်ကို ဟင်းချိုချက် အဲ့အစေ့လေး ထည့်ချက်လည်းရပါတယ်။ တရုတ်ပြည်မှာဆိုရင်တော့ ကြက်သားကို စွပ်ပြုတ်လုပ် goji berryစေ့နဲ့ တရုတ်ဆီးသီးလေးပါထည့်ပေါင်းပြီး စားလေ့ရှိပါသေးတယ်။ အချိုကြိုက်တဲ့သူတွေကတော့ ကျောက်ပွင့်နဲ့ goji berry စေ့ကို သကြားအညို နဲ့ရောပြီး soup လုပ် သောက်လို့ရပါတယ်။

ရေနွေးကြမ်းသာက်လေ့ရှိရင် ဂိုချီစေ့လေးတွေ အနည်းငယ်ထည့်ပြီးသောက်ကြည့်ပါ။ ကျန်းမာရေး အတွက် အရမ်းကောင်းပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။