ကောင်လေးအများစု အသက်ကြီးတဲ့ မမတွေကို ချစ်သူအဖြစ် ရွေးချယ်ရတဲ့အကြောင်းအရင်း

အမျိုးသားအများစုဟာ အသက်ငယ်တဲ့ ကောင်မလေးတွေရဲ့ ချစ်စရာကောင်းမှုတွေကို မျက်ကွယ်ပြုနိုင်ပေမယ့် အသက်ကြီးတဲ့ မမတွေရဲ့ ဆွဲဆောင်မှုကိုတော့ မလွန်ဆန်နိုင်ကြဘူး တဲ့။ အိမ်ထောင်ပြုတဲ့အခါ ဘယ်လောက်ပဲ အသက်အရွယ်က စကားပြောတယ် ပြောပြော မတ်မတ်တွေကိုမှ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သူတွေ အများကြီးပါပဲ။ ဘာကြောင့် သူတို့ဒီလို ရွေးချယ်လဲဆိုတဲ့ အကြောင်းပြချက်တွေကို ကြည့်လိုက်ရအောင်။

၁) အသက်ကြီးတဲ့မိန်းကလေးတွေဟာ စိတ်ရှင်းတယ်

Older Women Are Clear Minded

အသက်အရွယ်ရပြီးသား အမျိုးသမီး အများစုမှာ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ ပန်းတိုင်တွေ ရှိပါတယ်။ ငယ်ရွယ်တဲ့ မိန်းမပျိုလေးတွေ စိတ်ကူးယဉ်ကောင်းတုန်းအချိန်မှာ အသက်ကြီးတဲ့ အမျိုးသမီးတွေကတော့ ဘဝမှာ အခြေတကျ ရပ်တည်နိုင်ဖို့ ကြိုးစားနေကြတာပါ။ ရည်မှန်းချက် ပန်းတိုင်တစ်ခုရောက်ဖို့ စိတ်အားထက်သန်စွာ လျှောက်လှမ်းနေတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေအတွက် ဆွဲဆောင်မှု အရှိဆုံး မိန်းကလေးပါပဲ။ အသက်အရွယ်ကြီးတဲ့မိန်းကလေးတွေဟာ လက်တွဲဖော်ကို သိပ်မမှီခိုဘဲ တစ်ကိုယ်တည်း ရပ်တည်နိုင်တဲ့ သူတွေ မို့လို့ပါ။ 

၂) မမတွေမှာ တန်ဖိုးရှိတဲ့ ဘဝအတွေ့အကြုံတွေ ရှိတယ်

They Have Valuable Life Experience

အသက် တစ်နှစ်၊ တစ်လ လောက်ပဲ ပိုကြီးလည်း အတွေ့အကြုံ တစ်နှစ်၊ တစ်လစာ ပိုများပါတယ်။ လူတိုင်းက ကိုယ့်ထက် အသက်ကြီးသူတွေရဲ့ အတွေ့အကြုံတွေကို သင်ယူလေ့လာကြရတာပဲ။ အသက်ပိုကြီးတဲ့ အမျိုးသမီးတွေဟာ ပိုပြီး ရင့်ကျက်တယ်၊ ဘဝအတွက် လမ်းကြောင်းတွေ တည့်မတ်ပေးနိုင်တယ်လို့ အမျိုးသားတွေက ယူဆထားကြပါတယ်။ ဒါကြောင့် သူတို့ဘဝရဲ့ အထိန်းအကွပ်တစ်ခုအဖြစ် ရှိနေပေးနိုင်မယ့် မမတွေကို အမျိုးသားတွေက ရွေးချယ်ကြတာပါ။

၃) မမတွေက အရိပ်အကဲ နားလည်တယ်

Their Life Maxims Are Varied

လူနှစ်ယောက် ပေါင်းစည်းတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နားလည်နေဖို့က အရေးကြီးတဲ့ အချက်ပါ။ ဒီလိုနေရာမှာ မမတွေက ဆရာမကြီးတွေပါ။ ကိုယ်တိုင်ဖြတ်ကျော်ခဲ့ရတဲ့ ခံစားချက်တွေပေါ် အခြေခံပြီး ကိုယ့်ချစ်သူစိတ်ထဲမှာ ရှိနေတဲ့ ခံစားချက်တွေကို အလွယ်တကူ ခန့်မှန်းနိုင်ပါတယ်။ ချစ်သူမပြောခင် သိပြီးသား၊ လုပ်ပြီးသား ဖြစ်နေတာကြောင့် ထွေထွေထူးထူး ရှင်းပြနေစရာမလိုပါဘူး။ ဒီလိုမျိုး အရိပ်အကဲ နားလည်တတ်မှုကလည်း အိမ်ထောင်တစ်ခုမှာ အရေးကြီးတဲ့အချက်ဆိုတာ အမျိုးသားတွေက နားလည်ထားပါတယ်။

၄) ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တယ်

Self-assured and Self-governing

ငယ်ရွယ်တဲ့ မိန်းကလေးတွေဟာ ချစ်သူအပေါ် အားကိုးအားထား ပြုလွန်းတတ်တယ်။ အဲလို အားကိုးလွန်းတဲ့အခါ အမျိုးသားတွေဟာ သူ့တို့ဟာ ကာကွယ်စောင့်ရှောက်သူ၊ ပံ့ပိုးသူဆိုတဲ့ ဝန်ထုတ်ဝန်ပိုးကြီးကို ထမ်းလိုက်ရသလို ခံစားရစေပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေကတော့ တောက်လျှောက်ကြီး ဂရုစိုက်နေစရာမလိုဘဲ ကိုယ့်ဘဝကိုယ် ကောင်းမွန်စွာ ထိန်းကျောင်းနိုင်ကြပါတယ်။

၅) မမတွေရဲ့အလှက အရည်အသွေးရှိတယ်

They Stand Out

သွေးပြီးသားကျောက်နဲ့ ကျောက်ရိုင်းတုံးကိုပဲ ယှဉ်ကြည့်၊ ဘယ်ဟာ ပိုလှမယ်ထင်လဲ။ မမတွေရဲ့အလှက သွေးပြီးသား အရည်အသွေး ပြည့်မှီတဲ့ ကျောက်ဖြစ်ပြီး ညီမလေးတွေရဲ့အလှကတော့ မသွေးရသေးတဲ့ ကျောက်ရိုင်းတုံးရဲ့ အလှမျိုးပေါ့။ အလှမှာ အရည်အသွေး ပြည့်မှီရုံသာမက လုပ်ရည်ကိုင်ရည်မှာလည်း မမတွေက အရည်အချင်းရှိပါတယ်။ အိမ်မှုကိစ္စတွေဘဲ လုပ်မလား၊ သစ်ပင်ပန်းပင်စိုက်မလား၊ လက်မှုပညာတွေပဲ လုပ်မလား၊ ကျွမ်းကျွမ်းကျင်ကျင်မဟုတ်ရင်တောင် တတ်သင့်သလောက်တော့ တတ်ထားကြပြီးသားလေ။

၆) အသိဉာဏ်ပိုတယ်

Intellectual

အသက်ကြီးလာတာနဲ့အမျှ အတွေ့အကြုံတွေ ပိုလာပြီး ဘဝကို ပိုပြီး နားလည်လာကြတယ်။ မမတွေနဲ့ဆိုရင် လေးနက်တဲ့အကြောင်းတွေကို ဆွေးနွေးတိုင်ပင်လို့ ကောင်းတယ်။ ပေါ့ပေါ့ပါးပါး စကားဝိုင်းတွေကိုလည်း ဘယ်လိုအရွှန်းဖောက်ရမလဲ မမတွေက သိကြတယ်။ မမတွေမှာ လေးစားလောက်တဲ့ အသိပညာတွေ ကြွယ်ဝပြီး လက်တွဲဖော်ရဲ့ဘဝကိုတောင် ပြောင်းလဲနိုင်စွမ်း ရှိကြတယ်။ ဒါကြောင့် အမျိုးသားတွေဟာ မမတွေနဲ့ တွဲပြီးတဲ့အခါ ပိုရင့်ကျက်လာလေ့ ရှိကြတယ်။

၇) ငွေကြေးခိုင်မာတယ်

Monetarily Steady

ငယ်ရွယ်တဲ့သူတွေက အခုချိန်ထိ ကျောင်းတက်တုန်း၊ အလုပ်စဝင်တုန်း အချိန်မှာ မမတွေက အလုပ်နေရာကောင်းတစ်ခုမှာ အခြေကျနေပါပြီ။ ဘယ်လိုပဲ ယောက်ျားလေးတွေက ဦးဆောင်ရမယ် ပြောပြော၊ အိမ်ထောင်သည်ဘဝပဲ ဖြစ်ဖြစ်၊ ချစ်သူဘဝပဲ ဖြစ်ဖြစ် မောင်တစ်ထမ်း မယ်တစ်ရွက် ဖြစ်နေမှ အဆင်ပြေတာပါ။ ဒါ့အပြင် ကိုယ်တိုင်ငွေကိုင်သုံးနေရတဲ့အခါ သူများရဲ့ပိုက်ဆံကိုလည်း အလကား မဖြုန်းတီးကြတော့ပါဘူး။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုတဲ့ ဆိုရိုးစကားလည်း ရှိတာမို့ အိမ်ထောင်ပြုတဲ့အခါ ငွေရေးကြေးရေး စီမံခန့်ခွဲနိုင်တဲ့သူတွေကို အမျိုးသားတွေက ရွေးချယ်ကြတာပါ။

Image result for women and flowers 

မိန်းကလေးတွေရဲ့ အလှဟာ အသက် ၃၀ ရောက်မှ အစွမ်းကုန်ပွင့်တဲ့ပန်းလို လှတယ်လို့ ဆိုပါတယ်။ ပန်းတိုင်း လှတယ်ဆိုပေမယ့် အလှပဆုံး ပွင့်အာနေတဲ့ ပန်းကိုတော့ ပန်းအဖူးအငုံလေးတွေက ဘယ်မှီမလဲနော်။ အရည်အသွေးပြည့်မှီပြီး အစွမ်းကုန်လှနေတဲ့ ပန်းကို ဘယ်ယောက်ျားက မလိုချင်ဘဲ ရှိမလဲ။ တကယ်ချစ်လာတဲ့အခါ အသက်အပိုင်းအခြားဆိုတာလည်း ကိန်းဂဏန်းတစ်ခုသာသာ ဖြစ်သွားတာပဲလေ။ 

Ref; www.truthinsideofyou.org

By Paulina