ပဲသွေးဟာ စားသင့်တဲ့ အစာတစ်ခုလား ?

ပဲသွေးဟု ဈေးထဲမှာရောင်းနေသော ပစ္စည်းများမှာ ပဲသွေးလဲမဟုတ်၊ ဘဲသွေးလဲမဟုတ်၊ အမဲသွေးသာ ဖြစ်ပါတယ်။

အများစုမှာ အမဲသွေးကို ဆားနဲ့ ရေနဲ့ရောပီး ပြုတ်..ပီးရင် ကြာရှည်ခံအောင် လူသေတွေမှာသုံးတဲ့ ဖော်မလင်ကို ထည့်ထားကြတာ ဖြစ်ပါတယ်။ တချို့က သတ်သတ်လွတ်ဆိုပီး ပဲသွေးကို စားမိတတ်ကြသလို၊ 

အမဲသားမစားဘူးဆိုပြီးတော့လည်း ပဲသွေးကို စားမိတတ်ကြပါတယ်။

မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲများတွင်လဲ ထည့်စားတတ်ကြပါတယ်။ ပဲသွေးဟာ တကယ်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်ခုမဟုတ်ဘူးဆိုတာ သေချာပါတယ်။

FDA ကနေရှောင်တခင် လာရောက်စစ်ဆေးပြီး ဖော်မလင်ပါတဲ့ ပဲသွေးတွေကို ဖျက်စီးပစ်ခဲ့တဲ့ ပုံရိပ်လေးတွေပါ ဖော်ပြပေးလိုက်ပါတယ်။ 

အစားတစ်လုတ်အတွက်နဲ့ အန္တရာယ်မဖြစ်စေဖို့ ချင့်ချိန်နိုင်ကြပါစေ. . .

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။