LCD တွေရှုံးတဲ့ ကမ္ဘာကျော် Plus Size Model များ

ကမ္ဘာကြီးက တကယ်ကို ထူးခြားလွန်းပါတယ်။ အရင်ကတော့ ပိန်ကပ်နေမှ မော်ဒယ်ဖြစ်နိုင်တယ်ဆိုတဲ့ စံနှုန်းက အခုတော့ ပြောင်းပြန်ဖြစ်သွားပါပြီ။ အကိတ်တို့ခေတ်ရောက်လာပြီဆိုတော့ Plus Size တွေကလည်း မော်ဒယ် ဖြစ်လာကြပါပြီ။ ဒါကလည်း ပိုပြီး လက်တွေ့ကျလာတယ်လို့ ဆိုရမှာပါ။ ဖက်ရှင် ချစ်သူတွေက အကုန်လုံး ပိန်ကပ်နေတာမှမဟုတ်။ Plus Size Model တွေ ပေါ်လာခြင်းအားဖြင့် တစ်ကမ္ဘာလုံးက ဝဝကစ်ကစ် အမျိုးသမီးတွေအတွက် ခွန်အားတစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုပြောမယ့် အကိတ်မော်ဒယ်လေးတွေကို မြင်ပြီးရင် Plus Size ဖြစ်ရခြင်းကို သင်ဘယ်တော့မှ အားငယ်တော့မှာ မဟုတ်ပါဘူး။

1. Ashley Graham

Image result for Ashley Graham

သူမကတော့ Sport Illustrated Swimsuit မဂ္ဂဇင်း အဖုံးမှာ ပထမဆုံး ပါဝင်ခွင့်ရတဲ့ Plus Size Model ပါ။ Plus Size Model တစ်ယောက်အနေနဲ့ ဒါက သူမရဲ့ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ Vogue, Harper’s Bazaar, Glamour, Elle စတဲ့ နာမည်ကျော် မဂ္ဂဇင်းမှာ ပါဝင်ခွင့် ရခဲ့ပါတယ်။ သူမမှာ ကိုယ်ပိုင် Lingerie Collection လည်း ရှိပါတယ်။ ဒါ့အပြင် သူမက ခုထိ Single ပါပဲနော်။

2. Candice Huffine

Related image

သူမကတော့ ငယ်ငယ်ထဲက အလှအပဆိုင်ရာ လမ်းကြောင်းပေါ် ရောက်ပြီးသားပါ။ ဒါ့အပြင် သူမအထက်တန်းတုန်းက ပန်းဖွားမယ် ဖြစ်ပါတယ်။ သူမ မော်ဒယ် လမ်းကြောင်းကို စဝင်တုန်းက ကုမ္ပဏီတစ်ခုကလွဲပြီး ကျန်တဲ့ကုမ္ပဏီအားလုံးက ငြင်းခဲ့ပါတယ်။ သူမကို လက်ခံတဲ့ တစ်ခုတည်းသော ကုမ္ပဏီက သူမကို Plus Size Model အနေနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ သူမဟာ အဲဒီကုမ္ပဏီရဲ့ ရှေ့ဆောင်တစ်ယောက် ဖြစ်နေပါပြီ။

3. Jennie Runk

သူမဟာ အသက် ၁၃ နှစ်ကစပြီး Plus Size Model ဖြစ်ချင်လို့ ဝိတ်တက်အောင် လေ့ကျင့်ခဲ့တာပါ။ နောက်ပိုင်းတော့ H&M Swimwear မှာ သူမစတင် ပါဝင်လာခဲ့ပါတယ်။ သူမဟာလည်း H&M ရဲ့ ပထမဆုံး Plus Size Model ပါ။

4. Robyn Lawley

သြစတျေးလျသူလေး Robyn ကတော့ Vogue, Elle, Cosmopolitan စတဲ့ နာမည်ကြီး မဂ္ဂဇင်း တော်တော်များများရဲ့ မျက်နှာဖုံးပိုင်ရှင်ပါ။ Ralph Lauren မှာ ပါဝင်တဲ့ ပထမဆုံး Plus Size Model အဖြစ် နာမည် ကျော်ကြားပါတယ်။

5. Saffi Karina

သူမကတော့ မော်ဒယ်တစ်ယောက် ရှိသင့်တဲ့ Size ထက်များနေလို့ မော်ဒယ်အေဂျင်စီကနေ ထုတ်ခံခဲ့ရသူပါ။ သူတို့ရဲ့ ပယ်ချမှုကို သူမအကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ အခုဆိုရင် သူမဟာ သူမလို ခန္ဓာကိုယ် ကောက်ကြောင်း Size ကြီးလွန်းတဲ့ အမျိုးသမီးတွေကို မော်ဒယ်ဖြစ်အောင် ကူညီပေးသူတစ်ယောက် ဖြစ်နေပါပြီ။

6. Precious Lee

Related image

Atlanta မှာ မွေးဖွားကြီးပြင်းခဲ့ပြီး Sports Illustruated နဲ့ Lane Bryant မှာ စတင်ပါဝင်လာခဲ့ပါတယ်။ သူမဟာ သူမရဲ့ခန္ဓာကိုယ်ကြောင့် ဘယ်တော့မှ အားမငယ်ခဲ့ဘဲ သူမရဲ့လှပတဲ့ ကောက်ကြောင်းတွေကို အကောင်းဆုံး အသုံးချခဲ့တာကြောင့် အောင်မြင်တဲ့ Plus Size Model တစ်ယောက် ဖြစ်လာတာပါ။

7. Tara Lynn

V နဲ့ ELLE မဂ္ဂဇင်းမှာ Plus Size Model အဖြစ် ပထမဆုံး ပါဝင်ခဲ့ပြီးနောက်မှာတော့ မဂ္ဂဇင်းတော်တော်များများမှာ ပါဝင်လာခဲ့ပါတယ်။ သူမရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စော်ကားအနိုင်ကျင့် ခံခဲ့ရဖူးပါတယ်။ ဒီအဖြစ်ဆိုးတွေကို ကျော်လွန်ပြီး အခုတော့ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက် ဖြစ်နေပါပြီ။

8. Nadia Aboulhosn

Nadia က အစကတော့ Blogger တစ်ယောက်ပါ။ နောက်ပိုင်းမှ မော်ဒယ်ဘဝကို ကူးပြောင်းခဲ့တာပါ။ Vogue, Complex, America Apparel စတဲ့ မဂ္ဂဇင်းတွေမှာ ပါဝင်လာပြီး သူမရဲ့ခြေလှမ်းတွေ ပိုပြီး စိပ်လာခဲ့ပါတယ်။ ခန္ဓာကိုယ်ကို အကောင်းမြင်ပြီး အသက်မွေးဝမ်းကြောင်းအဖြစ် အသုံးချနိုင်ခဲ့သူပေါ့။

9. Barbie Ferreira

သူမရဲ့ အကြောပြတ်ရာတွေအပြည့်နဲ့ ပုံကို Instagram မှာတင်ပြီးတဲ့နောက် သူမကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူ၊ စွဲဆောင်မှုရှိသူအဖြစ် လူတွေ ဝန်းရံလာကြတာပါ။ သူမကို အားပေးသူတွေ ရှိသလို တိုက်ခိုက်တဲ့ Comment တွေ ပေးသူတွေလည်း ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာတော့ သူမက အောင်မြင်နေပါပြီ။

Ref; brainberries.co

By Paulina