ဆံပင်ကျွတ်တတ်ရင် ဒါတွေစားပါ

မိန်းမတို့ဘုန်း ဆံထုံးဆိုတဲ့အတိုင်း မိန်းကလေးတစ်ယောက်အနေနဲ့ ဆံကေသာကျန်းမာလှပခြင်းဟာလည်း ဘုန်းကျက်သရေတစ်မျိုးပါပဲ။ ဒီဘက်ခေတ်မှာ ခေါင်းလေ ျှာ်ရည်တွေ hair care product တွေကလည်း အဆင့်မြင့်လာပြီဖြစ်တာကြောင့် ဗောက်တွေ သန်းတွေ စတဲ့ဦးရေပြားပြဿနာတွေကတော့ အတော်လေး နည်းသွားပါပြီ။ ဒါပေမဲ့ အတော်များများကြုံနေကြသေးတာကတော့ ဆံပင်ကျွတ်တဲ့ ပြဿနာပါ။ ဆံပင်ကျွတ်တာကျတော့ ဦးရေပြားအပေါ်ယံလွှာနဲ့တင်မက စားတဲ့အစားအသောက်တွေနဲ့ပါ ဆက်စပ်လျက်ရှိတာကြောင့်ပါ။

ဦးခေါင်းပေါ်မှာရှိတဲ့ ၁၅၀.၀၀၀ လောက်နီးပါးရှိတဲ့ ဆံတွင်းအိတ်လေးတွေ ကျန်းမာပြီး ဆံပင်တွေ သန်စွမ်းမှုရှိစေဖို့နှင့် ဆံပင်ကျွတ်တာသက်သာအောင် နေ့စဉ်စားသုံးပေးသင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ပရိုတင်းရရှိစေဖို့ ဥအမျိုးမျိုး

ဆံပင်ကို အဓိကဖွဲ့စည်းထားတာက ပရိုတင်းပါ။ နေ့စဉ်စားသုံးတဲ့အစားအစာ တွေထဲမှာ ပရိုတင်းဓာတ်ကြွယ်ဝအောင်စားသုံးပေးဖို့လိုအပ်ပါတယ်။ဒါကြောင့် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ဥအမျိုးမျိုးကို နေ့စဉ်စားသောက်မှု ပုံစံတွေထဲမှာ ပါအောင်စားပေးဖို့လိုပါတယ်။

သံဓာတ်ရရှိစေဖို့ အစိမ်းရင့်ရောင် အသီးအနှံများ

သံဓာတ်က ဆံသားကဆဲလ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေကို ပေးနိုင်စွမ်းပါတယ်။ ခန္ဓာကိုယ်မှာ သံဓာတ်ကမရှိမဖြစ်ပါနေသလို ဆံသားမှာ သံဓာတ်အားနည်းနေလျှင်လည်း ဆံပင်အိတ်တွေဆီကို သံဓာတ်အပြည့်အဝမထောက်ပံ့ပေးနိုင်ဘဲ ဆံပင်ကျွတ်တာတွေ ဖြစ်လာရတာပါ။

Omega - 3

Omega-3 Fatty Acids က ဆံပင်ထူစေဖို့အတွက် အဓိကနေရာကအားဖြည့်ပေးနေပါတယ်။ ခန္ဓာကိုယ်က ဒီဓာတ်ကို မထုတ်လုပ်ပေးနိုင်သည့်အတွက် အခြားသောအစားအစာများဖြစ်သည့် (အခွံမာသီး)တို့ကို အဆာပြေမုန့်အဖြစ်စားသုံးပေးရင်တောင်မှ ဆံပင်ကျွတ်တာသက်သာစေပါတယ်။

ဗီတာမင်စီ

ဗီတာမင်စီကိုများသောအားဖြင့် အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေက ရရှိပါတယ်။ ဥပမာ- သံပရာသီး၊ ရှောက်သီး၊ သရက်သီး၊ လိမ္မော်သီး၊ စတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေစားသုံးပေမယ်ဆိုရင် ဆံသားကို ကျန်းမာသန်စွမ်းထူထဲစေမှာပါ။

ဗီတာမင်-အေနှင့် ဗီတာမင်-အီး

ဗီတာမင်-အေနှင့် ဗီတာမင်-အီး ကြွယ်ဝစွာ ပါဝင်တဲ့ မုန်လာဥနီစားပေးခြင်းဟာလည်း ဆံသားထူထဲလာမှုကို ကူညီပေးမှာပါ။ ဆံပင်ဟာမိမိခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကြီးထွားမှုအလျင်မြန်ဆုံးတစ်သျှူးကို ပိုင်ဆိုင်ထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် ဗီတာမင်-အေကဲ့သို့ ဦးရေကို အားဖြည့်ပေးနိုင်တဲ့ဓာတ်တွေ၊ ဗီတာမင်-အီးကဲ့သို့ ဦးရေပြားနှင့် ဆံပင်အိတ်တွေရဲ့သွေးလည်ပတ်မှုကို ကောင်းမွန်အောင်လုပ်ပေးတဲ့ဓာတ်တွေ လိုအပ်တာ အသေအချာပါပဲ၊ ဒါ့အပြင် ဗီတာမင်-အီးက ဆံပင်အိတ်တွေထဲက အဆီပမာဏကိုလည်း ထိန်းညှိုပေးပါတယ်။

ဒီအစားအစာတွေကတော့ သင့်ကို ဆံပင်ကျွတ်ခြင်းပြဿနာကနေ အတော်လေး သက်သာစေမှာ အသေအချာပဲ ဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။