မွန်ပြည်နယ်၊ ဘီးလင်းမှာ မြစ်ရေလျှံလို့ ရပ်ကွက်နေပြည်သူများစွာ အခက်အခဲများ ကြုံတွေ့နေရ

ပြီးခဲ့တဲ့ ဇူလိုင်လ (၈)ရက်နေ့နဲ့ (၉)ရက်နေ့မှာ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် မွန်ပြည်နယ်၊ ဘီးလင်းမှာ ပြည်သူများစွာ အခက်အခဲတွေ့နေတယ်လို့ သိရပါတယ်။ ဘီးလင်းမြစ်ရေ စိုးရိမ်ရေ အမှတ်အနီး ရောက်ရှိလာချိန်မှာ ဘီးလင်းမြို့အတွင်းရှိ မြစ်ကမ်းနဲ့နီးသော (မြေအနိမ့်ပိုင်း) ကန်သာယာရပ်ကွက်နဲ့ ဘိုးရာဇာရပ်ကွပ်တို့မှာ ရပ်ကွက်အတွင်း မြစ်ရေများ ဆက်တိုက်ဝင်လျှက်ရှိနေပါတယ်။ 

လက်ရှိမှာတော့ ရပ်ကွက်နေပြည်သူများ ဘီးလင်းမြို့တွင်းရှိ ဓမ္မဝိဟာရ ဘုန်းကြီးကျောင်း၊ မြို့ဦးကျောင်းတိုက်နဲ့ အောင်သိဒ်္ဓိ ဘုန်းကြီးကျောင်းတိုက်တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး လူမှုကယ်ရေးအသင်းများစွာလည်း ပူးပေါင်းကူညီနေတယ်လို့ သိရပါတယ်။

ယနေ့ ဇူလိုင်လ (၁၀)ရက်နေ့ မွန်းလွဲပိုင်းတုန်းကလည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက ဘီးလင်းရေဘေးသင့် ပြည်သူများကို သွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လူနှင့် ပစ္စည်းများအား ရေဘေးကယ်ဆယ်ရေး စခန်းများသို့ သယ်ယူရွှေ့ပြောင်းပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

Source; တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်း

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။