ထူးခြားတဲ့ အဓိပ္ပာယ်နဲ့ တက်တူးထိုးခဲ့တဲ့ ဆယ်လီများ

တက်တူးကို ခံစားချက်အမျိုးမျိုးနဲ့ထိုးလေ့ ရှိကြပါတယ်။ တချို့ကလည်း အပျော်အပျက် ထိုးကြသလို၊ တချို့ကလည်း ဘဝရဲ့အမှတ်တရတွေကို မှတ်ကျောက်တိုင်တစ်ခုအဖြစ် ထိုးကြပါတယ်။ သေချာတာ တစ်ခုက ထိုးလိုက်တဲ့တက်တူးဟာ ထိုးထားသူအတွက် အဓိပ္ပာယ်တစ်ခုခုတော့ ရှိနေမှာပဲ။ အခုပြောပြမယ့် အနုပညာရှင်တွေဟာလည်း ထူးခြားဆန်းပြားတဲ့ အဓိပ္ပာယ်နဲ့ တက်တူးထိုးထားကြပါတယ်။ 

Lea Michele

10 Celebrities Who Can Tell Us a Thing or Two Through Their Tattoos

မင်းသမီး Lea Michele ကတော့ သူမရဲ့လက်သန်းကြွယ်မှာ ကော်ဖီခွက်ပုံလေး ထိုးထားပါတယ်။ သူမရဲ့ အဘွားဖြစ်သူကို အမှတ်ရသောအားဖြင့် ဒီလို ထိုးထားခြင်း ဖြစ်ပါတယ်။ “ကျွန်မရဲ့ လှပတဲ့ အဘွားကို ဒီအပတ်မှာ ဆုံးရံှုးခဲ့ရတယ်။ သူမက တခြားအဘွားတွေနဲ့ မတူပါဘူး။ ကျွန်မအသက် ၈ နှစ်အရွယ်မှာ ကျွန်မကို ပထမဆုံး ကော်ဖီတိုက်ခဲ့သူပါ။ ကျွန်မတွဲတဲ့ ကောင်လေးမှန်သမျှကိုလည်း ဘုတော်လွှတ်တတ်ပါသေးတယ်။ သူများအဘွားတွေလို ပိုင်မုန့်လုပ်ပေးတာ၊ ဆွယ်တာအင်္ကျီထိုးပေးတာမျိုးလည်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူမက ကျွန်မရဲ့အဘွားပါပဲ။ ပြီးတော့ သူမကို တခြားအရာအားလုံးထက် ကျွန်မချစ်တယ်။ ချစ်တယ် ဘွားဘွား” ဆိုပြီး သူမရဲ့ Instagram မှာ တင်ထားတာပါ။

Demi Lovato

Demi ကတော့ သူမရဲ့လက်ဖျံမှာ သူမအဖွား ၂၆ နှစ်က ပုံတူကို ထိုးထားပါတယ်။ “ကျွန်မ အသက် ၂၆ နှစ်ပြည့်တဲ့အချိန်မှာ အဖွားရဲ့ အသက်၂၆ နှစ်အရွယ်ပုံကလည်း ကျွန်မလက်ဖျံပေါ်မှာ၊ အဖွားကို ပိုပြီး ချစ်တယ်” လို့သူမရဲ့ IG မှာ ရေးထားတာပါ။ 

Sophie Turner

10 Celebrities Who Can Tell Us a Thing or Two Through Their Tattoos

Game of Throne ရဲ့စတားတစ်ယောက်ဖြစ်တဲ့ Sophie Turner ကတော့ သူမရဲ့လက်သန်းမှာ “G” ပုံ ထိုးထားပါတယ်။ GOT ကို အစွဲပြုပြီး ထိုးတာတော့ မဟုတ်ပါဘူး။ သူမရဲ့ Grandfather ကို အမှတ်ရသောအားဖြင့် ထိုးထားတာပါ။

Jennifer Aniston

10 Celebrities Who Can Tell Us a Thing or Two Through Their Tattoos

သူမရဲ့ပထမဆုံး တက်တူးတစ်ခုဖြစ်တဲ့ ခြေထောက်က စာသားလေးကတော့ အခြားမဟုတ်ပါဘူး။ သူမရဲ့ သေသွားတဲ့ ခွေးလေး နာမည်ပါ။ ခွေးလေးနာမည်က Norman ပါ။ သူမဟာ အဲဒီခွေးလေးကို အရမ်းချစ်ပြီး ခွေးလေး သေဆုံးသွားတုန်းက ခက်ခဲတဲ့အချိန်တွေကို သူမ ဖြတ်သန်းခဲ့ရတာပါ။ ဘယ်သူကများ ကိုယ့်ရဲ့ အိမ်မွေးတိရိစ္ဆာန်ကို အဲလောက် ချစ်မလဲနော်။

Dax Shepard

10 Celebrities Who Can Tell Us a Thing or Two Through Their Tattoos

မင်းသား Dax ကတော့ သူ့ရဲ့လက်သန်းကြွယ်မှာ ခေါင်းလောင်းပုံ ထိုးထားပါတယ်။ သူရဲ့ အမျိုးသမီး မင်းသမီး Kristen Bell ကို အစွဲပြုသောအားဖြင့်ပါ။

Cara Delevingne

10 Celebrities Who Can Tell Us a Thing or Two Through Their Tattoos

Cara က တော့ သူမရဲ့ ခြေထောက်မှာ Bacon (ဝက်ပေါင်ခြောက်) ဆိုပြီး ထိုးထားတာပါ။ တခြားသူထိုးရင်တော့ ဒါက အူကြောင်ကြောင် နိုင်တယ်ထင်ရမှာပါ။ ဒါပေမဲ့ Cara က သတ်သတ်လွတ်စားသူပါ။ ဒါကြောင့် Bacon ကို ခြေထောက်မှာ နင်းထားတယ်ဆိုတဲ့ သဘော ဖြစ်နိုင်ပါတယ်။

Jennifer Lawrence

10 Celebrities Who Can Tell Us a Thing or Two Through Their Tattoos

မင်းသမီး Jennifer က သူမရဲ့လက်ဖမိုးမှာ H2O ဆိုပြီး ထိုးထားတာပါ။ သူမရေသောက်ဖို့ မေ့မှာစိုးလို့ ထိုးထားပုံရပါတယ်။ သူမကတော့ ဒီတက်တူးကို “Idiot Tattoo” လို့ခေါ်ပါတယ်။

Tom Holland

Spidy လေး Tom Holland ကတော့ ခြေဖဝါးမှာ ပင့်ကူလေး တွဲလောင်းကျနေတဲ့ပုံ ထိုးထားတာပါ။ သူဘာကြောင့် ဒီလို ထိုးလဲဆိုတာတော့ ထွေထွေထူးထူး ပြောစရာမလိုတော့ပါဘူးနော်။ ဒီပုံလေးကို Tom ရဲ့အဖေက “My Son Has What?” ဆိုတဲ့ Caption နဲ့ Twitter မှာတင်ခဲ့တာပါ။

Ref; Brightside.me

By Paulina