တစ်ပတ် အလုပ် ၃ ရက်ပိတ်ပြီး လခကိုတော့ ပုံမှန်အတိုင်းရမယ့် အခွင့်အရေး ဂျပန်မှာ အကောင်အထည်ဖော်

ပိတ်ရက်များဖို့မျှော်လင့်နေတဲ့ ဝန်ထမ်းတွေ ရှိလား။ ဒါဆိုရင်တော့ ဂျပန်မှာ အလုပ်သွားလုပ်လိုက်တော့။ ဂျပန်နိုင်ငံမှာ အလုပ်သမားတွေရဲ့ ဆုတောင်း ပြည့်ဝလာခဲ့ပါပြီ။ ဂျပန်နိုင်ငံက အချို့သောကုမ္ပဏီတွေမှာ တစ်ပတ်ကို အလုပ် ၄ ရက်ပဲ တက်ပြီး ၃ ရက်ပိတ်တဲ့ စနစ် စတင်ကျင့်သုံးနေပါပြီ။ ပိတ်ရက်တစ်ရက်ပိုသွားလို့ လစာလည်း လျော့မသွားပါဘူး။

Japan Is Trying a 4-Day Workweek While Paying Employees for 5 Whole Days. What’s Going On?

ဂျပန်ကုမ္ပဏီလို့ပြောလိုက်ရင် စည်းကမ်းကြီးတယ်၊ အလုပ်ချိန်များပြီး တင်းကြပ်တယ်ဆိုပြီး သိထားကြတာပါ။ ဒါပေမဲ့ အခုတော့ ပြောင်းလဲဖို့အချိန်ရောက်ပြီ ထင်ပါတယ်။ အလုပ်ဖွင့်ရက် ၄ ရက်နဲ့ ပိတ်ရက် ၃ ရက်၊ တစ်ရက်ကို အလုပ်ချိန် ၁၀ နာရီ အချိန်ဇယားနဲ့ ကုမ္ပဏီအနည်းစုမှာ စတင် အကောင်အထည်ဖော်နေပါပြီ။

Japan Is Trying a 4-Day Workweek While Paying Employees for 5 Whole Days. What’s Going On?

ဒီလိုပြောင်းလဲလိုက်တာဟာ ဝန်ထမ်းတွေအတွက် ပိုအဆင်ပြေတယ်လို့ ထင်ပါတယ်။ ပိတ်ရက်ရှည်တော့ အနားယူချိန်လည်း ပိုများလာပါတယ်။ အလုပ်လုပ်ရတဲ့ရက်နဲ့ နားရတာရက်ဟာ မျှတဲ့အတွက် ဝန်ထမ်းတွေလည်း ပိုမို ပျော်ရွှင်လာတယ်လို့ သိရပါတယ်။

Japan Is Trying a 4-Day Workweek While Paying Employees for 5 Whole Days. What’s Going On?

ပိတ်ရက်အပိုထွက်လာတဲ့အခါ ဝန်ထမ်းတွေဟာ သူတို့ရဲ့မိသားစုတွေကို အချိန်ပိုပေးနိုင်လာပါတယ်။ ဒီအချက်ဟာ ဂျပန်အတွက် အလွန်အကျိုးရှိတယ်လို့ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဂျပန်ဟာ ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အို လူဦးရေ အများဆုံးနိုင်ငံ ဖြစ်တာကြောင့်ပါ။ တစ်ပတ်မှာ ၄ ရက်ပဲ အလုပ်လုပ်ရတဲ့အခါ မိသားစုဟာ အဖိုးအဖွားတွေကို ပိုပြီး ဂရုစိုက်နိုင်လာပါတယ်။

Japan Is Trying a 4-Day Workweek While Paying Employees for 5 Whole Days. What’s Going On?

ဒီလို ကောင်းတဲ့အချက်တွေ ရှိတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း တစ်ရက်ကို အလုပ်ချိန် ၁၀ နာရီဆိုတဲ့ အတိုင်းအတာကလည်း မလွယ်ပါဘူး။ တစ်ရက်မှာ ၁၀ နာရီဆိုတော့ တစ်နေကုန်နီးပါး အလုပ်လုပ်နေရတဲ့ သဘောပါပဲ။ အလုပ်ဖွင့်တဲ့ရက်တွေမှာတော့ နားချိန်ဆိုတာ မရှိသလောက်ပါပဲ။ အလုပ်ဖွင့်တဲ့ရက်မှာ ဘာအိမ်မှုကိစ္စမှ မလုပ်နိုင်တော့ပါဘူး။ ဒါကလည်း တချို့သူတွေအတွက် စိတ်ဖိအား ဖြစ်နိုင်ပါတယ်။

Japan Is Trying a 4-Day Workweek While Paying Employees for 5 Whole Days. What’s Going On?

အခုလောလောဆည်တော့ ကုမ္ပဏီတိုင်း ဒီနည်းလမ်းကို မကျင့်သုံးသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါကကောင်းတဲ့ နည်းလမ်းတစ်ခုလို့ဆိုရပါမယ်။ အထူးသဖြင့် ဆေးရုံ၊ ဟိုတယ်တွေမှာ လုပ်ရတဲ့သူတွေအတွက်ဆို ပိုအဆင်ပြေပါတယ်။ တစ်ပတ်တာကောင်းကောင်းအနားရမှ ဖွင့်ရက်မှာ အင်အားအပြည့်နဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်မှာပါ။

Image result for Japan

တကယ်ပဲ ဒီလို ပိတ်ရက်ရှည် ထားပေးတာက ထိရောက်မှုရှိမလား။ အလုပ်နဲ့နားရက်ညီမျှတဲ့အတွက် ကျန်းမာပျော်ရွှင်တဲ့ လုပ်ငန်းခွင်တွေ ဖြစ်လာမလား။ ဒါမှမဟုတ် ဘာမှမထူးခြားတဲ့ နည်းလမ်းဖြစ်သွားမလား ဆိုတာတော့ စောင့်ကြည့်ကြရအုံးမှာပါ။

Ref; Brightside.me

By Paulina