ဗီတာမင်ဒီ (Vitamin-D) ချို့တဲ့မှုကြောင့် ဖြစ်လာနိုင်တဲ့ အရိုးပျော့ရောဂါ

ဗီတာမင်ဒီ ဓာတ်ဟာ အရိုးအဆစ်တွေ သန်မာမှုကို ဖြစ်ပေါ်စေတဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ထောက်ပံ့ပေးသလို ခန္ဓာကိုယ် ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေတာကြောင့် အရေးကြီးတဲ့ ဗီတာမင် ဓာတ်တမျိုးဖြစ်ပါတယ်။ ဗီတာမင်ဒီ ဓာတ်ကို အဓိကအားဖြင့် အစားအစာ၊ ဗီတာမင် ဖြည့်စွက်ဆေးဝါးတွေနဲ့ နေရောင်ခြည်ကနေ ရရှိပါတယ်။

ဗီတာမင်-ဒီ ချို့တဲ့မှုကြောင့် အရိုးပျော့ရောဂါ (Rickets) ဖြစ်ပွားနိုင်ပါတယ်။ အာဟာရလုံလောက်စွာ မရရှိခြင်းနှင့် နေရောင်ခြည်လုံလောက်စွာ မရရှိခြင်းတို့ဟာ အဆိုပါရောဂါဖြစ်ပွားရသော အဓိကအကြောင်းရင်းပါ။ အသက် (၆) လမှ (၂) နှစ်အတွင်း ကလေးငယ်များတွင် အဖြစ်များပါတယ်။

‍‍

ဗီတာမင်-ဒီချို့တဲ့မှုကာလရှည်ပြီး ပြင်းထန်လာပါက ဆေးကုသမှုခံယူစေကာမူ အရိုးများ ပုံမှန်အတိုင်း ပြန်ဖြစ်အောင်ကုသရန် အလွန်ခဲယဉ်းတဲ့အတွက် vitamin D ကြွယ်ဝတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဗီတာမင်-ဒီ ချို့တဲ့မှုကို အချိန်မီကုသပါက အရိုးများပုံပျက်ခြင်း (Bony Deformities) ပျောက်ကင်းပြီး၊ ပုံမှန်အတိုင်း ကြီးထွားနိုင်ပါသည်။

‍‍Vitamin D အကြွယ်ဝဆုံး အစားအစာ 10 မျိုး 

၁။ ဆယ်မွန်ငါး

၂။ မှို

၃။ Vitamin D အားဖြည့်ထားသောနို့

၄။ Vitamin D အားဖြည့်ထားသော ပဲနို့

၅။ Vitamin D အားဖြည့်ထားသော ပဲပြား

၆။ Vitamin D အားဖြည့်ထားသော ဒိန်ချဉ်

၇။ Vitamin D အားဖြည့်ထားသော cereal

၈။ Vitamin D အားဖြည့်ထားသော လိမ္မော်ရည်

၉။ ဝက်သား

၁၀။ ကြက်ဥ

အသက် ၆ လမှ ၂နှစ်အတွင်း ကလေးငယ်တွေမှာ ဗီတာမင် D အဓိကလိုအပ်တာမို့ ဂရုတစိုက်ကျွေးမွေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။