ပင်လယ်စာအပ်မှိုအစပ်(Spicy Enoki With Seafood)

ပါဝင်ပစ္စည်းများ

-ပုဇွန်(Shrimp) - ၂၀၀ ဂရမ်

-ပြည်ကြီးငါး (Squid) - ၂၀၀ ဂရမ်

-အပ်မှို (Enoki Mushroom) - ၁၅၀ ဂရမ်

-ငရုပ်သီးအနှစ် (Korean Chili Paste)- ၆၀ ဂရမ်

-ပျားရည် (Honey) - ၁ ဇွန်း

-ရှာလကာရည် (Vinegar ) - ၁ဇွန်း

-ငရုပ်သီးစိမ်း (Fresh Chili) - ၁၀ ဂရမ်

-ဆား (Salt) - ၁/၂ ဇွန်း

-ငရုပ်ကောင်း(Pepper) -၁/၂ ဇွန်း

-ကြက်သွန်ဖြူ (Garlic) - ၅ ဂရမ်

-ဆီ (Oil)- ၂ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

-ပထမဦးစွာ ပုဇွန်နှင့်ပြည်ကြီးငါးများကို ညှီနံပျောက်အောင် သံပရာရည်အနည်းထည့်ပြီး သန့်စင်ဆေးကြောထားပါ။

-ပြီးနောက်မီးဖိုပေါ်တွင်ဒယ်အိုးကို ပူအောင်ထားပြီး ဆီအနည်းငယ်ဖြင့် ကြက်သွန်ဖြူကိုဆီသတ်ပေးပါ။

-ကြက်သွန်ဖြူသည် အရွှေရောင်အနေထားသို့ရောင်ပြောင်းလာပါက ငရုပ်သီးအနှစ်ကိုထည့်ပြီးကောင်းစွာမွှေပေးပါ။

-အနံလေးမွှေးလာပါက ဆေးကြောထားပြီးသား ပုဇွန်နှင့်ပြည်ကြီးငါးများကိုထည့်ပြီးသေချာသမအောင်မွှေပေးပါ။

-နောက်ထပ် ရှာလကာရည်အနည်းငယ်ထည့်ပြီး အရသာအနေဖြင့် ဆား၊ငရုတ်ကောင်းမှုန့်၊ပျားရည်တို့ကိုထည့်ပါ။

-အရသာရလာပါက နောက်ဆုံးအဆင့်အနေဖြင့် အပ်မှိုနှင့်ငရုတ်သီးစိမ်းထည့်ပြီး ၃ မိနစ်ခန့်ချက်ပေးပါ။

နောက်ဆုံးတွင် ရူးရူးရှဲရှဲနှင့်အရသာလည်းရှိတဲ့ ပင်လယ်စာအပ်မှှိုအစပ် ချက်ကိုအသင့်စားသုံးနိုင်ပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။