သင်ပထမဆုံးမြင်တဲ့ပုံက သင့်မှာဘယ်လို စိတ်စွမ်းရည်တွေရှိလဲ သိနိုင်ပါတယ်

အခုပြထားတဲ့ပုံလေးကို မြန်မြန်ကြည့်ပြီး ဘယ်တိရိစ္ဆာန်ကို မြင်လဲဆိုတာ ရွေးချယ်ပါ။

The First Image You Saw Here Will Reveal What Kind of Mind Power You Have

နိုဘယ်ဆုရ စိတ်ပညာရှင် Roger W. Sperry ဟာ ဦးနှောက်ရဲ့ညာဘက်ခြမ်းနဲ့ ဘယ်ဘက်ခြမ်းဟာ အလုပ်လုပ်ပုံခြင်း မတူကြဘူးလို့ လေ့လာတွေ့ရှိထားပါတယ်။ လူတွေဟာ သူတို့ဦးနှောက်ရဲ့ သန်တဲ့ဘက်အပေါ်မူတည်ပြီး စိတ်စွမ်းရည်နဲ့ အကျင့်စရိုက်တွေလည်း ကွာသွားပါတယ်။ တစ်ခြမ်းတည်း ပိုသန်တဲ့သူ ရှိသလို၊ နှစ်ဖက်လုံး သန်တာလည်း ရှိနိုင်ပါတယ်။ သင့်ရဲ့ဦးနှောက်ကရော ဘယ်အခြမ်းပိုသန်လဲဆိုတာ ဒီပုံလေးက အဆုံးအဖြတ်ပေးပါလိမ့်မယ်။

ကျားခေါင်းကိုမြင်တယ်

Related image

ဘယ်ဘက်ဦးနှောက်က ပိုအလုပ်လုပ်သူဖြစ်ပါတယ်။ သင်ဟာ အသေးစိတ်လေ့လာတတ်သူ ဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးပြီးတော့ အစီစဉ်တကျ လုပ်တတ်သူလည်း ဖြစ်ပါတယ်။ ပြဿနာကြုံလာတဲ့အခါ လက်တွေ့ကျကျ တွေးခေါ်ဖြေရှင်းပြီး ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာသူ ဖြစ်ပါတယ်။

အရာရာကို သေချာလေ့လာတွေးခေါ်ပြီးမှ ဆုံးဖြတ်ချက်ချတတ်သူဖြစ်တာကြောင့် တစ်ခါတလေတော့ ခေါင်းမာတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့် အကြံပေးချင်တာက အခြားသူတွေရဲ့ အကြံဉာဏ်တွေကိုလည်း နားထောင်ပြီး လက်ခံသင့်ရင်လက်ခံပါ။ အနည်းငယ်လောက် နှိမ့်ချခြင်းက ခရီးပိုရောက်တယ်ဆိုတာကို သတိရပါ။

အရာရာကို သေချာအကွက်ချစီစဉ်ပြီးမှ လုပ်လေ့ရှိသူဖြစ်ပါတယ်။ သင့်မှာ သေချာရေရာတဲ့ ဘဝရည်မှန်းချက်တွေရှိပြီးတော့ မရောက်ရောက်အောင် သွားတတ်ပါတယ်။ နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးတတ်သူ ဖြစ်ပါတယ်။ သင်္ချာ၊ သိပ္ပံ လိုမျိုး ချက်ကျလက်ကျ တွက်ချက်ရတဲ့ ဘာသာရပ်တွေကို စိတ်ဝင်စားလေ့ ရှိပါတယ်။ 

လက်တွေ့ကျသူမို့ နတ်သမီးပုံပြင်တွေ၊ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို အယုံအကြည် မရှိသူပါ။ တခြားသူတွေက သင့်ရည်မှန်းချက်ဟာ မဖြစ်နိုင်လောက်အောင် ကြီးမားတယ်လို့ ဘယ်လောက်ပဲ ပြောပြော သင်ကတော့ သင့်အိပ်မက်တွေဟာ လက်တွေ့ကျပြီး အောင်မြင်နိုင်တယ်လို့ ယုံကြည်တတ်သူပါ။

တွဲလွဲခိုနေတဲ့မျောက်ကိုမြင်တယ်

The First Image You Saw Here Will Reveal What Kind of Mind Power You Have

ဦးနှောက်ညာဘက်ခြမ်းရဲ့လွှမ်းမိုးမှု ပိုများသူပါ။ သင့်မှာ ဆန်းသစ်တဲ့ အကြံဉာဏ်၊ အတွေးအခေါ်တွေ အမြဲ ရှိနေတတ်ပါတယ်။ ပြဿနာကြုံလာတဲ့အခါ သင့်ရဲ့စိတ်ထဲပေါ်လာတဲ့အတိုင်း ဖြေရှင်းတတ်ပါတယ်။ သင်လျှောက်နေတဲ့ ခြေလှမ်းတိုင်းဟာ ဘဝသင်ခန်းစာတွေအဖြစ် ခံယူထားသူပါ။ ရံှုးနိမ့်ခဲ့ရင်တောင် အဲဒီရံှုးနိမ့်ခြင်းဟာ အောင်မြင်ခြင်းဆီရောက်ဖို့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ သဘောထားသူပါ။

သင့်အတွက်တော့ ရည်မှန်းချက်ပန်းတိုင်တွေဆိုတာထက် လက်ရှိဖြတ်သန်းနေတဲ့ အချိန်တွေက ပိုအရေးပါပါတယ်။ သင်ဟာ စိတ်ကူး အရမ်းယဉ်တတ်သူဖြစ်တာကြောင့် တစ်ခါတလေတော့ အဲဒီ့အိပ်မက်တွေကြားမှာပဲ လမ်းပျောက်နေတတ်ပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ လက်တွေ့ကျကျ စဉ်းစားပြီး ပတ်ဝန်းကျင်ရဲ့ အနေအထားကို သတိပြုတတ်ဖို့ လိုပါတယ်။

သင်ဟာ သင့်မသိစိတ်က လံှု့ဆော်မှုအတိုင်း အရာရာကိုလုပ်လေ့ရှိပါတယ်။ သမာရိုးကျနည်းလမ်းအတိုင်း လုပ်လေ့ မရှိပါဘူး။ အရာရာကို မလုပ်ခင် သေချာစဉ်းစားချင့်ချိန်လေ့ ရှိပေမယ့် နောက်ဆုံးတော့ စိတ်ထဲရှိတဲ့အတိုင်း လုပ်လိုက်တာက များပါတယ်။ ဂီတ၊ အနုပညာ၊ တီထွင်ဖန်တီးခြင်းတွေမှာ ထူးချွန်ပါတယ်။

ဘယ်တော့မဆို ကြိုတင်ပြင်ဆင်ပြီးမှ စည်းကမ်းတကျ လုပ်တယ်ဆိုတာမျိုး မရှိပါဘူး။ နောင်ဖြစ်မှ နောင်ရှင်းဆိုတဲ့ ပုံစံမျိုးပါ။ သင့်မှာ ပန်းတိုင်တွေထက် အိပ်မက်တွေသာ ပိုများပါတယ်။ အောင်မြင်နိုင်လောက်တဲ့ အိပ်မက်ကိုသာ အားစိုက်ကြိုးစားလေ့ ရှိသူပါ။

----------------------------------------- 

လူတိုင်းကတော့ ဦးနှောက် ဘယ်ဘက်နဲ့ ညာဘက် နှစ်ဘက်လုံး သုံးရတာပါပဲ။ ဘယ်အခြမ်းကို ပိုအားသန်လဲဆိုတာပဲ ကွာသွားတာပါ။ သင့်မှာ နှစ်ခြမ်းလုံး ညီမျှစွာ လွှမ်းမိုးနေတာလဲ ဖြစ်နိုင်ပါတယ်။ 

Ref; Brightside.me

By Paulina