မစားသင့်တဲ့အချိန်မှာ စားရင် ကျန်းမာရေးထိခိုက်စေနိုင်တဲ့ အစားအစာများ

12 Foods That Can Harm You If You Eat Them at the Wrong Time

အခုနောက်ပိုင်းမှာ လူတိုင်းက ကျန်းမာရေးနဲ့ သင့်တော်မယ့် အစားအစာကို ချင့်ချိန်စားသောက်လာကြပါပြီ။ ဒါပေမဲ့ ကျန်းမာတဲ့အစားအစာဆိုရင်တောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အချိန်မှာ စားသောက်ဖို့ လိုပါသေးတယ်။ ဥပမာ-ပန်းသီးက အစာချေဖျက်မှုအတွက် ကောင်းပေမယ့် ညဘက်စားရင်တော့ ကျန်းမာရေးထိခိုက်စေမှာပါ။ ဒါကြောင့် ဘယ်အချိန်မှာ ဘယ်အစားအစာကို စားဖို့မသင့်တော်ဘူးဆိုတာ လေ့လာကြည့်ကြရအောင်။

ငှက်ပျောသီး

12 Foods That Can Harm You If You Eat Them at the Wrong Time

ငှက်ပျောသီးကို မနက်နိုးနိုးချင်း ဗိုက်ထဲမှာ ဘာအစာမှမရှိသေးပဲ မစားသင့်ပါဘူး။ စားစားချင်းတော့ မသိသာပေမယ့် နာရီအနည်းငယ်လောက်ကြာတဲ့အခါ ပင်ပမ်းနွမ်းနယ်လာပြီး ဗိုက်ပြန်ဆာလာမှာပါ။ ဒီလိုအချိန်မတော်စားတာက အူမကြီးရောဂါနဲ့ ဝမ်းရောဂါတွေတောင် ဖြစ်နိုင်ပါတယ်။ 

ကော်ဖီ

12 Foods That Can Harm You If You Eat Them at the Wrong Time

ကော်ဖီကြိုက်တဲ့သူတော်တော်များများက မနက်နိုးတာနဲ့ ကော်ဖီတစ်ခွက်လောက်တော့ သောက်တတ်ကြပါတယ်။ မနက်နိုးပြီး ၁ နာရီကြာထိ ခန္ဓာကိုယ်ဟာ ပုံမှန်နှုန်းအတိုင်း သူ့ရဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပါတယ်။ ကော်ဖီသောက်လိုက်တဲ့အခါ ကဖင်းဓာတ်က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်ကို နှောင့်ယှက်လိုက်သလို ဖြစ်သွားပါတယ်။ ဒါကြောင့် မနက်စားပြီးလောက်တဲ့အချိန်မှ ကော်ဖီသောက်ပါ။ ညဖက်မှာ ကောင်းစွာအိပ်ပျော်ဖို့ ညနေဖက်မှာ ကော်ဖီသောက်ခြင်းကို ရှောင်ပါ။

ထမင်း

12 Foods That Can Harm You If You Eat Them at the Wrong Time

ထမင်းက အဓိက အစားအစာဆိုပေမယ့် ညဘက်မှာတော့ ရှောင်ဖို့လိုပါတယ်။ ထမင်းမှာ Carbohydrate နဲ့ Calorie များစွာ ပါဝင်တဲ့အပြင် အစာချေဖျက်ရတာလည်း ကြာပါတယ်။ ထမင်းကို နေ့လည်စာအဖြစ် စားတာတော့ အသင့်တော်ဆုံးပါပဲ။

သကြား

12 Foods That Can Harm You If You Eat Them at the Wrong Time

သကြားအဖြူထက်စာရင် သကြားအညိုကတော့ ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်။ ဒါပေမဲ့ သကြားဆိုတဲ့နေရာမှာ သကြားလုံးတို့၊ ချိုချဉ်တို့၊ အာတာပူစီတို့လည်း ပါပါတယ်။ ဒီလို သွားရေစာမုန့်အချိုတွေကလည်း သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပါတယ်။ တကယ်လို့အချိုစားချင်တယ်ဆိုရင် နေ့လည်စာစားပြီးချိန်လောက်မှာ စားပါ။

နို့

12 Foods That Can Harm You If You Eat Them at the Wrong Time

တချို့သူတွေက မနက်ဆို နို့တစ်ခွက်သောက်တတ်ကြပါတယ်။ ကလေးတွေအတွက်ကောင်းပေမယ့် လူကြီးတွေအတွက်တော့ သိပ်အဆင်မပြေပါဘူး။ မနက်ခင်းမှာ နို့သောက်တာက နှလုံးအောင့်ခြင်းနဲ့ ဗိုက်နာခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ညနေဖက်ကတော့ နို့သောက်ဖို့အကောင်းဆုံး အချိန်ပါပဲ။ ညနေဖက်သောက်တာက ညဖက်လည်း ကောင်းစွာ အိပ်ပျော်စေပါတယ်။

အသား

12 Foods That Can Harm You If You Eat Them at the Wrong Time

အသားတွေက ချေဖျက်ရခက်တဲ့ အစားအစာဖြစ်တဲ့အတွက် အိပ်ခါနီး မစားသင့်ပါဘူး။ အဆီမပါတဲ့အသားကို ညအိပ်ခါနီး ၃ နာရီ မတိုင်ခင် စားရင်တော့ သင့်တော်ပါတယ်။ နေ့ခင်းနေ့လည်တော့ ဘယ်အချိန်စားစား ရပါတယ်။ ဒါပေမဲ့ မနက်ခင်းမှာတော့ အခုလိုမျိုး ချေဖျက်ရခက်တဲ့ အစားအစာတွေ မစားသင့်ပါဘူး။

အစေ့အစံ

12 Foods That Can Harm You If You Eat Them at the Wrong Time

ဝိတ်ကျဖို့အတွက် အစေ့အစံတွေက အတော်လေးအထောက်အကူပြုပါတယ်။ ဒါပေမဲ့ အများကြီးစားမိရင်တော့ အစာချေဖျက်စနစ်မှာ ပြဿနာဖြစ်စေပြီး ညဖက် အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ မနက်စာစားပြီးချိန်နဲ့ နေ့လည်ဖက်မှာ အစေ့အစံစားရင်တော့ အကောင်းဆုံးပါပဲ။ နှလုံးကျန်းမာရေး အထောက်အကူပြုတဲ့အပြင် ကိုလက်စရော ကို ထိန်းညှိပေးတဲ့အတွက်ကြောင့် ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

ချဉ်တဲ့အသီး

12 Foods That Can Harm You If You Eat Them at the Wrong Time

တစ်နေ့တာ လန်းဆန်းဖို့ အချဉ်ပါတဲ့ အသီးဖျော်ရည်လေးက အထောက်အကူပြုတယ်ဆိုပေမယ့် အစာ စားစားပြီးချင်း သောက်ရင်တော့ အစာချေဖျက်မှုကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ အာဟာရ စုတ်ယူနိုင်မှုကိုလည်း လျော့ကျစေပါတယ်။ အစာစားပြီး မိနစ်အနည်းငယ်လောက်ကြာမှ သောက်သင့်ပါတယ်။

ပဲ

Image result for 12 Foods That Can Harm You If You Eat Them at the Wrong Time

ပဲဟာ အမျှင်ဓာတ်များတဲ့အတွက် ညဖက်စားရင် အိပ်မပျော်တာတွေ ဖြစ်တတ်ပြီး မနက်ခင်းမှာ မျက်နှာဖောရောင်တာတွေ ဖြစ်နိုင်ပါတယ်။ ပဲကို မနက်ခင်းနဲ့ နေ့လည်ခင်းစားရင်တော့ အတော်လေး ကောင်းပါတယ်။ တစ်ခုရှိတာက ပဲက ဗိုက်ပွလွယ်တဲ့အတွက် အများကြီးတော့ မစားသင့်ပါဘူး။

ဒိန်ချဉ်

12 Foods That Can Harm You If You Eat Them at the Wrong Time

ဒိန်ချဉ်ကို ဗိုက်ထဲမှာ အစာမရှိသေးဘဲ မစားသင့်ပါဘူး။ အစာမစားခင်စားလိုက်ရင် အစာချေဖျက်ခြင်းကို နှေးကွေးစေပါတယ်။ ဒိန်ချဉ်ကို အကျိုးရှိစေချင်ရင် အစာစားပြီး ၁ နာရီ၊ ၂ နာရီလောက်ကြာမှ စားပါ။ ညအိပ်ခါနီး ဒိန်ချဉ် ၃ ဇွန်းလောက်စားခြင်းက ခန္ဓာကိုယ်အတွက် ပရိုတင်းဓာတ်ရစေပြီး ကြွက်သားကြီးထွားဖို့ အထောက်အကူပြုပါတယ်။

Ref; Brightside.me

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။