ဒူးရင်းသြဇာ နဲ့ ကင်ဆာကို တွန်းလှန်နိုင်ကြတော့မှာလား

ဒူးရင်းသြဇာဆိုတဲ့အတိုင်း သူ့ရဲ့အရသာနဲ့ ပုံသဏ္ဍာန်ကိုက ဒူးရင်းသီးမကျ သြဇာသီးမကျ အရသာကတော့ သိပ်ကောင်းလှသည်မဟုတ်ချေ။ ယခုအခါဆေးစွမ်းကြီးသည်ဟု ဒူးရင်းသြဇာကို ကမ္ဘာတစ်ဝှမ်းက သိလာကြပါပြီ။ ကြောက်ဖွယ်လိလိ ကပ်ဆိုးကြီးကိုတော်လှန် အမြစ်ဖြတ်ဖို့ ကမ္ဘာဆေးပညာရှင်တို့ နည်းလမ်း အသွယ်သွယ်ဖြင့် သုတေသနပြုသည့်အထဲတွင် ဒူးရင်းသြဇာလည်း အဓိကဇာတ်ကောင် အဖြစ်ပါဝင်နေခဲ့တာကြောင့်ပါ။

သူ့အမည်နှင့်မူလဇာတိ

အင်္ဂလိပ်လို Soursop ဟုခေါ်ပါသည်။ နောက်ပိုင်းလူသိများသော အမည်မှာ Graviola ပေါ်တူဂီစကားဖြစ်သည်။အမြဲစိမ်းနေသော ဒူးရင်းသြဇာ၏ မူရင်းဇာတိမှာမက်ဆီကိုနိုင်ငံ၊ အမေရိကန်တိုက်အလယ်ပိုင်း၊ကာရီဘီယံ၊တောင် အမေရိက၏မြောက်ပိုင်းဒေသတို့ဖြစ်ပြီး။မြန်မာနိုင်ငံတွင်လည်း ရှိပါသည်။

ဘာကြောင့်လူသိများပါသလဲ

ကင်ဆာရောဂါကို ကုသနိုင်မည့် ဓာတ် သတ္တိစွမ်းပကားများ ဒူးရင်းသြဇာ တွင်ပါ ဝင်နေသည့်ဆိုသော မျှော်လင့်ချက်ကြောင့်ဖြစ် သည်။ထိုကြောင့်လည်း ကမ္ဘာ အနှံ့အကြီး အကျယ်သုတေသနပြုနေကြသည်။

တကယ်ရော ကင်ဆာနှင့်ဒူရင်းသြဇာဆက် နွယ်နေပါသလား?

ကင်ဆာဆဲလ်များအပေါ် ပျက်စီးစေနိုင်မည့် စွမ်းပကား ဒူးရင်းသြဇာတွင်ရှိသလားဆိုသော လေ့လာမှုကို ၁၉၇၀ခုနှစ်က စတင်ခဲ့သည်။ ကင်ဆာကုသနိုင်မှု ရှိ/မရှိ အလားအလာပေါ် အမျိုးသား ကင်ဆာအင် စတီကျု့က ၁၉၇၆ တွင်ပထမအကြိမ် သိပ္ပံနည်း ကျသုတေ သနပြု ခဲ့သည်။ဆက်နွယ်မှုတော့ရှိ နေပါသည်။

သုတေသီတို့ရသောအဖြေ

ဒူးရင်းသြဇာပင်၏အရွက်၊ညှာတံ၊ရိုးတံများသည်ကင်ဆာဆဲလ်များ တိုက်ခိုက်ချေမှုန်းရာတွင် အတော် ထိရောက်ကြောင်းကို ဓာတ်ခွဲခန်း(၂၀) ကျော်မှ သက်သေပြနိုင်ခဲ့သည်။

သဘာဝထုတ်ကုန်ဂျာနယ်နှင့် တောင်ကိုရီးယား၏လေ့လာမှု

ဒူးရင်းသြဇာတွင်ပါဝင်သော ဓာတုပစ္စည်း တစ်မျိုး သည် အူမကြီးကင်ဆာဆဲလ်များကို ရွေးချယ်ပြီး သတ်ဖြတ်နိုင်စွမ်းရှိသည် ဟုဆိုပါ သည်။ယင်း၏ အစွမ်းသတ္တိသည် Adriamycin ထက် အဆပေါင်း တစ်သောင်းနီးပါးပို၍ အားကောင်း နေခြင်းဖြစ် သည်ဆိုသည်။

အံ့ဖွယ်ထူးခြားချက်

ရောဂါကုသမှုနှင့်ပတ်သက်ပြီး စိတ်ဝင်စားအံ့ဖွယ်အချက်မှာ အန္တရာယ်ပေးသော ကင်ဆာဆဲလ်များကိုသာ သီးသန့်ပစ်မှတ်ထား ချေမှုန်း ပြီး ဆဲလ်ကောင်းများအား ဘာမျှထိခိုက် မှုမရှိစေခြင်းဖြစ်သည်။ထိုကြောင့်ဒူး ရင်းသြဇာသည် ကျန်းမာသောဆဲလ်ကောင်းများကို အန္တရာယ် မပြုပေ။

ဘေးထွက်ဆိုးကျိုးမရှိခြင်း

ဒူးရင်းသြဇာသည်ကုသခံလူနာအား ဓာတုကုထုံးတွင်တွေ့ရတတ်သည့် ပြင်းပြင်းထန်ထန်ပျို့ခြင်း၊ဆံပင်ကျွတ်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊ရုပ်ပျက်ဆင်းပျက် အသားအရေပြောင်းလဲခြင်းစသည့် ဘေးထွက်ဆိုးကျိုးများကို ကင်းလွတ်စေသည်။

ကုစားနိုင်မှု

ကင်ဆာအမျိုးအစား(၁၂)မျိုးနီးပါးကို ကုစားနိုင်သည်ဆိုပါသည်။ယင်းထဲတွင်

(၁) အူမကြီးကင်ဆာ

(၂) ရင်သားကင်ဆာ

(၃) အဆုပ်ကင်ဆာ

(၄) ပန်ကရိယကင်ဆာ

(၅) ပရိုစတိတ်ကင်းဆာ တို့ပါဝင်သည်။

ဒူးရင်းသြဇာ အနှစ်ရှည်( The Extracts of Grraviola)သည် ဓာတုကုထုံးဖြင့် မပျက်ဆီးနိုင်သည့် အသည်းကင်ဆာဆဲများကို သတ်ပစ်နိုင်သည်ဆို ပါသည်။ ဓာတုကုထုံးဖြင့်ကုသနေစဉ်ဒူးရင်းသြဇာ သည် ဓာတ်ကုထုံး၏အကျိုးဆက်ဖြင့် ထိခိုက်ခြင်း မဖြစ်ရအောင် ခန္ဓာကိုယ်၏ ရောဂါပြီး စနစ်ကို အကာ အကွယ်ပေးကြောင်း အခိုင်အမာပြောဆိုခြင်းရှိ လေသည်။

တိတိကျကျ ပျောက်ကင်းနိုင်ကြောင်းမဆိုနိင်သေး

ဒူးရင်းသြဇာဖြင့် ကင်ဆာကို ပျောက်ကင်းအောင်ကုသကောင်းမှကုသနိုင်ပေ လိမ့်မည်။ကင်ဆာကုသရာတွင် ကောင်းစွာ အထောက် အကူပြုနိုင်သည်တော့ အမှန်ပင်။မည်သည့်သဘာဝနည်းမဆိုကင်ဆာ ပျောက်အောင်မကုသနိုင်သည့်တိုင် ကင်ဆာအကျိုးဆက်များရော့နည်းသွားစေရန်၊ ရောဂါမတိုးစေရန် ကြိုးစားရပေမည်။

သတိထားဖွယ်ဒူးရင်းသြဇာ

ဒူးရင်းသြဇာကို ကင်ဆာဖြည့်စွက်ကုထုံးတစ်ခုအဖြစ် အလွန်အကျွံမသုံးမိစေဖို့လိုပါသည်။အလွန်အကျွံစား သုံးခြင်းဖြင့် Partinsonရောဂါနှင့် အလားသဏ္ဍာန် တူသည့် ဦးနှောက်ထိခိုက်မှုကို ဖြစ်စေနိုင်သော ကြောင့်ဖြစ် သည်။ထိုကြောင့် သဘာဝကုထုံးများဖြင့် မကုသမီ နားလည်တတ်ကျွမ်းသောဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

မြန်မာဆေးမြီးတိုများ

(၁)အရွက်ကိုကျို၍သောက်ခြင်း

ကင်ဆာဝေဒနာရှင်တို့ အရွက်ကို ရေဖြင့်ကျိုပြီး(၃) ခွက်(၁)ခွက်တင်သောက်ခြင်းဖြင့်ငွေကုန် အကျ သက်သာပြီး အသက်ရှင်ခွင့်ကို ရစေ သည် ဟု ဆိုကြသည်။

(၂)အခြားနည်းတစ်ခု

အရွက်နှစ်ဆယ်ကို ရေ(၆)ခွက်(၇)ခွက်ဖြင့် မီးအေးအေးတွင်(၂)နာရီကြာအောင်တည်၍ တစ်ရက်လျှင်(၃)ကြိမ်(၂)ခွက်သောက်ကြသည့်ေ၀ဒနာရှင်များလည်းရှိပါသည်။

အထက်ပါအချက်တွေအရ ဒီနေ့ခေတ်မှာ လူတိုင်းကြောက်နေရတဲ့ ကင်ဆာရောဂါကို တိုက်ထုတ်နိုင်မယ့်အဖြေဟာ ဒူးရင်းသြဇာမှာ ရှိနေမလားဆိုတာ တွေးကြည့်ချင်စရာပါပဲ။

ကင်ဆာဝေဒနာရှင်များအတွက် သတင်းကောင်းတစ်ခုအဖြစ် ဖော်ပြလိုက်ရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။